Connect with us

China

ဟွာလုံဝမ်း နျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ယူနစ်ကို ပါကစ္စတန်နိုင်ငံသို့ တင်ပို့

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် ဖူချင်းမြို့ရှိ တရုတ်အမျိုးသားနျူကလီးယားကော်ပိုရေးရှင်းက (CNNC) အောက်ရှိ နျူကလီးယားစွမ်းအင်သုံးယူနစ်များကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံယူနစ်အသစ်တစ်ခုကို ပါကစ္စတန်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း တရုတ်အမျိုးသားနျူကလီးယားကော်ပိုရေးရှင်းက (CNNC) အရ သိရသည်။
မကြာသေးမီက Chashma Nuclear Power Plant (C-5) ၏ အမှတ် ၅ ယူနစ် တည်ဆောက်ရေးလုပ်ငန်းစတင်ခဲ့ပြီး တရုတ်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံကြား နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်မှု၌ နောက်ထပ်သမိုင်းမှတ်တိုင် တစ်ခုဖြစ်လာခဲ့သည်။
အဆိုပါ ယူနစ်သည် တရုတ်နိုင်ငံက ကိုယ်ပိုင်တီထွင်ထားသော တတိယမြောက် နျူကလီးယားစွမ်းအင်သုံး နည်းပညာဖြစ်သော ဟွာလုံဝမ်း၏ တတိယမြောက် ကီလိုဝပ် တစ်သန်းထုတ်လုပ်နိုင်သော ယူနစ်ဖြစ်ပြီး တရုတ်မှ ပါကစ္စတန်သို့ တင်ပို့သည့် သတ္တမမြောက် နျူကလီးယားစွမ်းအင်သုံး ယူနစ်တစ်ခုလည်းဖြစ်သည်။
CNNC အနေဖြင့် ပါကစ္စတန်နိုင်ငံတွင် နျူကလီးယားစွမ်းအင်သုံး ယူနစ် ၆ ခု ရှိသော နျူကလီးယားစွမ်းအင် အခြေစိုက်စခန်း နှစ်ခု တည်ဆောက်ခဲ့ကြောင်း၊ ယင်းစခန်းများက နှစ်စဉ် သန့်စင်သောလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၃၀ ဘီလီယံနီးပါး ပံ့ပိုးပေးနိုင်ကြောင်း၊ ထိုပမာဏမှာ နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် ၂၄.၄၈ သန်းအထိ လျှော့ချခြင်းနှင့် ညီမျှကြောင်း သိရသည်။
C-5 တည်ဆောက်ခြင်းသည် ပါကစ္စတန်နိုင်ငံ၏ စွမ်းအင်ဖူလုံရေးအား ထပ်မံမြှင့်တင်ပေးမည်ဖြစ်သလို ပါကစ္စတန်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်ပေးမည်ဖြစ်ပြီး ပြည်သူများ၏ သုခချမ်းသာကိုလည်း အဆင့်မြှင့်တင်ပေးမည်ဖြစ်ကြောင်း CNNC က ဆိုသည်။ (Xinhua)

………………………………
(English Version)
New Hualong One nuclear power unit exported to Pakistan: CNNC
BEIJING, July 16 (Xinhua) — China has exported a new nuclear power unit to Pakistan, according to the China National Nuclear Corporation (CNNC).
Unit 5 of the Chashma Nuclear Power Plant (C-5) broke ground recently, marking another milestone in nuclear energy cooperation between China and Pakistan.
It is the third one-million-kilowatt-class unit of Hualong One, China’s self-developed third-generation nuclear power technology, and the seventh nuclear power unit exported from China to Pakistan.
The CNNC said it had built two nuclear power bases in Pakistan with a total of six nuclear power units, which can provide nearly 30 billion kWh of clean electricity every year, equivalent to reducing carbon dioxide emissions by 24.48 million tonnes per year.
The construction of the C-5 project will further enhance Pakistan’s energy security, help promote Pakistan’s economic development, and improve the well-being of local people, said the CNNC.
Photo: Aerial photo taken on Dec. 1, 2021 shows nuclear power units under the China National Nuclear Corporation (CNNC) in Fuqing, southeast China’s Fujian Province. (Xinhua)