Connect with us

Media

၃၃ ကြိမ်မြောက် ချင်းသောင် နိုင်ငံတကာဘီယာပွဲတော်တွင် ဘီယာအမျိုးအစား ၂,၀၀၀ ကျော် ပါဝင်ပြသ

ကျိနန် ၊ ဇူလိုင် ၁၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ကမ်းရိုးတန်းမြို့ဖြစ်သည့် ချင်းသောင်မြို့၌ ဇူလိုင် ၁၄ ရက် ညနေပိုင်းက ကောင်းကင်ယံတွင် မီးရှူးမီးပန်းများ ၊ ရောင်စုံမီးအလင်းရောင်များ ထွန်းလင်းခြင်းနှင့်အတူ ၃၃ ကြိမ်မြောက် ချင်းသောင် နိုင်ငံတကာဘီယာပွဲတော်အား စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ပွဲတက်ရောက်လာသူများအတွက် နိုင်ငံနှင့်ဒေသ ၄၀ ကျော်မှ ဘီယာအမျိုးအစား ၂,၀၀၀ ကျော် မြည်းစမ်းနိုင်မည် ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

ချင်းသောင်မြို့သည် တရုတ်နိုင်ငံ၌ နှစ်ပေါင်းများစွာ တည်ရှိသော ဘီယာအမှတ်တံဆိပ် Tsingtao ဘီယာချက်စက်ရုံ တည်ရှိရာမြို့ ဖြစ်ပြီး ၁၉၉၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ချင်းသောင် နိုင်ငံတကာ ဘီယာပွဲတော်သည် ကမ္ဘာ့အကျော်ကြားဆုံး ဘီယာပွဲတော်များအနက် တစ်ခုအဖြစ် ကြီးထွားလာခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)
33rd Qingdao Int’l Beer Festival showcases over 2,000 beers
With fireworks and light shows illuminating the sky, the 33rd Qingdao International Beer Festival kicked off Friday evening in the coastal city of Qingdao, east China’s Shandong Province.
According to the organizers, more than 2,000 beers from over 40 countries and regions are available to the attendees at the festival.
Qingdao is home to the Tsingtao Brewery, the base of a time-honored beer brand in China. Inaugurated in 1991, the Qingdao International Beer Festival has grown into one of the world’s most famous beer festivals.
Xinhua News Agency correspondents reporting from Jinan, China.(XHTV)