Connect with us

North America

ဂါဇာဒေသရှိ ကင်ဆာရောဂါဝေဒနာရှင် ၉,၀၀၀ မှာ ဆေးဝါးပြတ်လပ်မှုကိုခံစားနေကြရ

ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်းရှိ Deir el-Balah မြို့တွင် လေကြောင်းတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားပြီးနောက် ပျက်စီးသွားသော နေအိမ်တစ်လုံးအား ကြည့်ရှုနေသူများကို ၂၀၂၃ ခုနှစ်၊ မေ ၁၂ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသတွင် ဆေးဝါးများ ပြတ်လပ်မှုက ကင်ဆာရောဂါဝေဒနာရှင် ၉,၀၀၀ ကျော်၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်လျက်ရှိကြောင်း ပါလက်စတိုင်း အကြီးတန်း ကျန်းမာရေးအရာရှိတစ်ဦးက ဇူလိုင် ၁၇ ရက် ၌ သတိပေးပြောကြားခဲ့သည်။

“ဂါဇာကမ်းမြောင်ဒေသက ကင်ဆာရောဂါဝေဒနာရှင်တွေက ရောဂါရှာဖွေရေးနဲ့ ကုသရေးစွမ်းရည် ချို့တဲ့ အားနည်းတဲ့ ဒဏ်ကို ခံစားနေရပြီး ဂါဇာကမ်းမြောင်ဒေသမှာ ကင်ဆာရောဂါဝေဒနာရှင် အရေအတွက်က တိုးနေပါတယ်” ဟု ဂါဇာကင်ဆာစင်တာ မှာ ညွှန်ကြားရေးမှူးချုပ် Subhi Skai က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
Skaik သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်များကို ကိုးကား၍ ကင်ဆာအကျိတ်များ ဖြစ်ပွားနှုန်းမြင့်မားမှုကို အသားပေးပြောကြားခဲ့ခြင်းဖြစ်သည်။ ဂါဇာကမ်းမြောင်ဒေသ၌ ကင်ဆင်ရောဂါဖြစ်ပွားမှုမှာ ၂၀၂၁ ခုနှစ်တွင် နေထိုင်သူ ဦးရေ ၁၀၀,၀၀၀ လျှင်၉၁. ၃ ဦးရှိပြီး ၂၀၄၀ ပြည့်နှစ်တွင် နှစ်ဆတိုးလာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ လက်ရှိတွင် ကင်ဆာရောဂါကြောင့် သေဆုံးသူ ၁၂.၅ ရာ ခိုင်နှုန်းရှိသည်။

ထို့အပြင် ဂါဇာကမ်းမြောင်ဒေသရှိ လူနာများမှာ ရောဂါရှာဖွေရန် ဓာတ်ရောင်ခြည် ကုထုံးနှင့် နျူကလီးယား ဆေးဝါးများကို သုံးစွဲခွင့် မရရှိနိုင်ကြောင်း အဆိုပါ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

ကမ်းမြောင်ဒေသရှိ ကင်ဆာရောဂါ ဝေဒနာရှင်များ၏ အသက်ဆက်ရှင်သန်နိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝန်း နှင့် သက်ဆိုင်ရာ အာဏာပိုင်များမှ အရေးပေါ် ကြားဝင်ကူညီဆောင်ရွက်ပေးရန် ၎င်းကျန်းမာရေးအရာရှိက တောင်းဆိုထားသည်။ (Xinhua)
…………………………………..

(English Version)

Gaza’s 9,000 cancer patients suffer from medicine shortages: health official

GAZA, July 17 (Xinhua) — The lack of medicines threatens the lives of more than 9,000 cancer patients in the Gaza Strip, warned a senior Palestinian health official on Monday.

“Cancer patients in the Gaza Strip suffer from a lack of diagnostic and treatment capabilities, with the increasing number of cancer patients among the population of the Gaza Strip,” said Subhi Skaik, the director general of the Gaza Cancer Center, at a press conference.

Skaik highlighted the high rate of tumors, citing data from the World Health Organization. The incidence of cancer in the Strip has reached 91.3 per 100,000 residents in 2021 and is projected to double by 2040. The current cancer death rate is 12.5 percent.

Additionally, the patients in Gaza lack access to radiotherapy and nuclear medicine for diagnosis, said the official.

The health official called on the international community and the authorities concerned to intervene urgently to save the lives of cancer patients in the Strip. ■

People inspect a damaged house following an airstrike in Deir el-Balah, central Gaza Strip, May 12, 2023. (Photo by Yasser Qudih/Xinhua)