Connect with us

China

တရုတ်နိုင်ငံ၏ Y12F လေယာဉ် EASA ထံမှ အသိအမှတ်ပြုလက်မှတ်ရရှိ

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ဟေးဟယ်မြို့ရှိ လေဆိပ်တွင် Y12F လေယာဉ်ဆင်းသက်နေသည်ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- AVIC/Handout via Xinhua)

ပေကျင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ပြည်တွင်းထုတ် Y12F လေယာဉ်သည် ဥရောပသမဂ္ဂ လေကြောင်းလုံခြုံရေး အေဂျင်စီ (EASA) ထံမှ အသိအမှတ်ပြုလက်မှတ် ရရှိပြီဖြစ်ကြောင်း တရုတ်နိုင်ငံ လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း (AVIC) အရ သိရသည်။

တာဘိုအင်ဂျင်နှစ်လုံးတပ် Y12F ခရီးသည်တင်လေယာဉ်အား ဟာအယ်ပင်း လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း အုပ်စုကုမ္ပဏီလီမိတက်မှ ထုတ်လုပ်ထားခြင်းဖြစ်သည်။
အဆိုပါ အရပ်ဘက်လေယာဉ်မော်ဒယ်သည် တရုတ်နိုင်ငံ မြို့ပြလေကြောင်းဦးစီးဌာန (CAAC) ထံမှ ယင်းလေယာဉ်အမျိုးအစားအတွက် အသိအမှတ်ပြုလက်မှတ်ကို ၂၀၁၅ ခုနှစ်က ရရှိခဲ့သည်။ ထို့နောက် အမေရိကန် ဖက်ဒရယ် လေကြောင်းဦးစီးဌာနထံမှ ယင်းကဲ့သို့အသိအမှတ်ပြုလက်မှတ်ကို ၂၀၁၆ ခုနှစ်တွင် ရရှိခဲ့ကြောင်း သိရသည်။

Y12F လေယာဉ်၏ တိုးတက်မှုအသစ်သည် နိုင်ငံတကာဈေးကွက်သို့ ထပ်မံတိုးချဲ့နိုင်မည်ဖြစ်ကာ တရုတ်နိုင်ငံနှင့် ဥရောပကြား နှစ်ဘက် လေယာဉ်ပျံသန်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ကြီးမားသော အရေးပါမှုလည်း ဖြစ်ကြောင်း CAAC က ဆိုသည်။

Y12F လေယာဉ်သည် လေယာဉ်ပျံတက်အလေးချိန် အများဆုံး တန်ချိန် ၈.၄ ရှိပြီး ခရီးသည် ၁၉ ဦးအထိ တင်ဆောင်နိုင်သည်။
ယင်းလေယာဉ်ကို ခရီးသည်နှင့် ကုန်စည် သယ်ယူပို့ဆောင်ရေး၊ ပင်လယ်ရေကြောင်းစောင့်ကြည့်ခြင်း၊ ဝေဟင်ဓာတ်ပုံရိုက်ကူးခြင်း၊ ဘူမိဗေဒ စူးစမ်းလေ့လာခြင်း၊ ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေးနှင့် မိုးတုရွာသွန်းခြင်း စသဖြင့် အမျိုးမျိုးသောနယ်ပယ်များ၌ ကျယ်ပြန့်စွာအသုံးပြုနိုင်မည်ဖြစ်ကြောင်း AVIC အရ သိရသည်။ (Xinhua)

…………………………………

(English Version)

China’s Y12F aircraft receives type certificate from EASA
BEIJING, July 17 (Xinhua) — China’s homegrown Y12F aircraft has received the type certificate from the European Union Aviation Safety Agency (EASA), according to the Aviation Industry Corporation of China (AVIC).
Y12F twin-engine turboprop commuter aircraft is developed by the AVIC Harbin Aircraft Industry Group Co., Ltd.
This civil aircraft model obtained the type certificate from the Civil Aviation Administration of China (CAAC) in 2015. Thereafter, it obtained the type certificate from the U.S. Federal Aviation Administration in 2016.
This new development for Y12F will further expand the aircraft’s international market, and is of great significance to bilateral airworthiness cooperation between China and Europe, according to the CAAC.
Y12F aircraft, with a maximum take-off weight of 8.4 tonnes, can carry up to 19 passengers.
The aircraft can be widely used in diversified fields, such as passenger and cargo transport, marine monitoring, aerial photography, geological exploration, medical rescue and artificial precipitation, among others, according to the AVIC.
Photo: This file photo taken on Sept. 1, 2020 shows a Y12F aircraft at an airport in Heihe, northeast China’s Heilongjiang Province. (AVIC/Handout via Xinhua)