Connect with us

China

တရုတ်နိုင်ငံနှင့် အာဆီယံက ချစ်ကြည်ရင်းနှီးမှု၊ ဘုံဖွံ့ဖြိုးတိုးတက်မှု မှန်ကန်သောလမ်းကြောင်းသို့ ဖော်ဆောင်လျက်ရှိ

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ASEAN Plus Three (APT) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်နေသော တရုတ်နိုင်ငံ ဗဟို နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိ (ယာဘက် သတ္တမမြောက်) အား ၂၀၂၃ ခုနှစ် ဇူလိုင် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် လွန်ခဲ့သောနှစ်ပေါင်း ၂၀ အတွင်း အရှေ့တောင်အာရှ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် စိတ်ဓာတ်ဖြင့် ကဏ္ဍရပ်အားလုံးတွင် အပြန်အလှန် အကျိုးကျေးဇူးရှိသော ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၁၇ ရက်က ပြောကြားခဲ့သည်။
အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဇူလိုင် ၁၃ ရက်က ကျင်းပခဲ့ပြီး အရှေ့တောင်အာရှ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်သို့ တရုတ်နိုင်ငံ ပါဝင်ခြင်း နှစ်ပေါင်း ၂၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ်နှင့် ပြန်လည်သုံးသပ်မှုဆိုင်ရာ အာဆီယံ-တရုတ် ပူးတွဲကြေညာချက်ကို အတည်ပြုခဲ့သည်။

၂၀၀၃ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များက အရှေ့တောင်အာရှ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်တွင် တရုတ်နိုင်ငံ ပါဝင်မှုကို တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များက အတူတကွသက်သေပြုခဲ့ကြကာ တရုတ်နှင့် အာဆီယံကြား ဆက်ဆံရေးအဆင့်သစ်ဆီသို့ တက်လှမ်းခဲ့ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ မော်နင်က နေ့စဉ်ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ဒီသဘောတူစာချုပ်ကို ပထမဆုံးဝင်ရောက်ခြင်းက တရုတ်ရဲ့ သံတမန်ဆက်ဆံရေးက နိုင်ငံကြီးဖြစ်ပါစေ၊ နိုင်ငံငယ်ဖြစ်ပါစေ နိုင်ငံတွေအားလုံးကို သာတူညီမျှ တစ်သမတ်တည်းထားရှိခြင်းဖြစ်တယ်ဆိုတာနဲ့ ကိုက်ညီသလို တရုတ်နိုင်ငံအနေနဲ့ အာဆီယံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကာလရှည် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးမူဝါဒ ပျိုးထောင်မှုတို့ကိုလည်း အခိုင်အမာထောက်ခံခြင်းဖြစ်တယ်ဆိုတာနဲ့လည်း ကိုက်ညီတယ်” ဟု မော်က ဆိုသည်။

အဆိုပါ သဘောတူစာချုပ်သည် အာရှဒေသ၏ သမိုင်းနှင့် ယဉ်ကျေးမှုတွင် မူလအရင်းခံထားခြင်းဖြစ်သည်။ ထိုသဘောတူစာချုပ်သည် သဘောတူညီချက် တည်ဆောက်ခြင်း၊ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်မစွက်ဖက်ခြင်းနှင့် ဒေသတွင်းနိုင်ငံများကြား ဆက်ဆံရေးအတွက် အရေးပါသောလမ်းညွှန်ချက်များ ပံ့ပိုးခြင်း စသည်တို့အား အာရှနည်းလမ်းဖြင့် အကောင်အထည်ဖော်လျက်ရှိကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ (Xinhua)

………………………………
(English Version)
20 years on, China, ASEAN have pursued right path of friendship, common development: spokesperson
BEIJING, July 17 (Xinhua) — Over the past 20 years, China and ASEAN have, in the spirit of the Treaty of Amity and Cooperation in Southeast Asia, expanded mutually beneficial cooperation on all fronts, a Chinese foreign ministry spokesperson said on Monday.
The ASEAN-China Foreign Ministers’ Meeting held on July 13 adopted the ASEAN-China Joint Statement on Commemorating and Reflecting on the 20th Anniversary of China’s Accession to the Treaty of Amity and Cooperation in Southeast Asia.
In response to a related query, spokesperson Mao Ning told a daily news briefing that in 2003, leaders of China and ASEAN countries jointly witnessed China’s accession to the Treaty of Amity and Cooperation in Southeast Asia , which marked a new phase of relations between China and ASEAN.
“Being the first to join the Treaty is consistent with China’s diplomatic tradition of treating all countries, big or small, as equals, and China’s firm support for the growth of ASEAN, as well as our long-standing policy of cultivating friendly ties with neighboring countries,” Mao said.
The Treaty is rooted in Asia’s history and culture. It embodies the Asian way of consensus-building, non-interference in others’ internal affairs, and provides important guidelines for the relations between countries in the region, she noted.
Photo: Director of the Office of the Central Commission for Foreign Affairs Wang Yi (7th R) attends the ASEAN Plus Three (APT) Foreign Ministers’ Meeting in Jakarta, Indonesia, on July 13, 2023. (Xinhua/Xu Qin)