Connect with us

China

တရုတ်နိုင်ငံ နေ့စဉ်လေကြောင်းခရီးစဉ်မှာ ကပ်ရောဂါမတိုင်မီကာလအဆင့်၏ ၈၉ ရာခိုင်နှုန်းအထိ ပြန်လည်ရောက်ရှိလာ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ တာ့ရှင်း အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Air China လေကြောင်းခရီးစဉ်အမှတ် CA9597 လေယာဉ်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ယခုနှစ် ပထမနှစ်ဝက်အတွင်း နေ့စဉ်လေကြောင်းခရီးစဉ်အရေအတွက်မှာ ၂၀၁၉ ခုနှစ်က ရှိခဲ့သောအဆင့်၏ ၈၉ ရာခိုင်နှုန်းအထိ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း လေကြောင်းကြီးကြပ်ထိန်းသိမ်းရေးအဖွဲ့အရ သိရသည်။

တရုတ်နိုင်ငံ မြို့ပြလေကြောင်းကဏ္ဍသည် အဆိုပါကာလအတွင်း လေယာဉ် ဆိုက်ရောက်/ထွက်ခွာချိန် မှန်ကန်မှုနှုန်းအနေဖြင့် ၉၁.၄ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ရာ ၂၀၁၉ ခုနှစ်အဆင့်ထက် ၁၁ ရာခိုင်နှုန်း မြင့်မားခဲ့ကြောင်း တရုတ် မြို့ပြလေကြောင်းစီမံခန့်ခွဲရေးဦးစီးဌာနထံမှ သိရသည်။

လေယာဉ်ခရီးစဉ်လမ်းကြောင်းကို ပြန်လည်ကောင်းမွန်အောင် ဆောင်ရွက်ခဲ့ခြင်းကြောင့် တရုတ်လေကြောင်းလိုင်းများသည် ပထမနှစ်ဝက်အတွင်း လေယာဉ်ခရီးစဉ်အကွာအဝေးကို ကီလိုမီတာ ၁၄.၀၆ သန်း လျှော့ချနိုင်ခဲ့ပြီး လောင်စာအသုံးပြုမှုအနေဖြင့် တန်ချိန် ၇၆,၀၀၀ ချွေတာနိုင်ခဲ့သည်။

ယခုနှစ်၏ ဒုတိယနှစ်ဝက်အတွင်း ချဉ်းနင်းဝင်ရောက်လာပြီဖြစ်သလို တရုတ်နိုင်ငံအနေဖြင့် လေပိုင်နက်ပတ်ဝန်းကျင် မြှင့်တင်ခြင်း၊ အခြေခံအဆောက်အအုံ တည်ဆောက်မှု အရှိန်မြှင့်တင်ခြင်းနှင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသများနှင့် ကူးလူးဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းမှုရှိခြင်း စသည်တို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့ပြလေကြောင်းစီမံခန့်ခွဲရေးဦးစီးဌာနက ပြောကြားခဲ့သည်။ (Xinhua)

…………………………….
(English Version)
China’s daily flights rebound to 89 pct of pre-pandemic levels

BEIJING, July 22 (Xinhua) — The number of daily flights in China rebounded to 89 percent of 2019 level in the first half of the year, according to the country’s aviation regulator.
China’s civil aviation sector maintained a safe record during the period with the punctuality rate reaching 91.4 percent, 11 percent higher than 2019 level, according to the Civil Aviation Administration of China.
Through route optimization, China’s airliners shortened flight distance by 14.06 million km in the first half and saved 76,000 tonnes of fuel.
Moving into the second half of the year, China will continue to improve the airspace environment, speed up infrastructure construction and deepen exchanges and cooperation with neighboring countries and regions, the administration said.
Photo: Air China flight CA9597 takes off at the Daxing International Airport in Beijing, capital of China, Sept. 25, 2019. (Xinhua/Ju Huanzong)