Connect with us

Africa & Middle East

အီရတ်နိုင်ငံ မြို့တော်တွင် ယာဉ်ကြောပိတ်ဆို့မှု လျော့ပါးစေရန် ရေပေါ်တက္ကစီဝန်ဆောင်မှု ပြန်လည်စတင်

အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့ရှိ ဒေသများကြား ခရီးသွားလာရန် ရေပေါ်တက္ကစီအသုံးပြုနေသော ခရီးသည်များကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒတ်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့တွင် လူဦးရေ ၉ သန်းကျော် နေထိုင်လျက်ရှိပြီး လမ်းများပေါ်၌ ယာဉ်ကြောပိတ်ဆို့မှုများမှာ အထူးသဖြင့် ရုံးချိန်အတွင်း မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိသည်။
ဘဂ္ဂဒတ်မြို့နေပြည်သူများအနေဖြင့် မြို့ကို အလယ်ကပိုင်းခြားထားသော Tigris မြစ်၏ မြစ်ကမ်းပါးများကြား ဖြတ်သန်းသွားလာရေး အဆင်ပြေစေမည့် ရေပေါ်တက္ကစီ ပြန်လည်ပြေးဆွဲရန် မျှော်လင့်လျက်ရှိသည်။

အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့ရှိ ဒေသများကြား ခရီးသွားလာရန် ရေပေါ်တက္ကစီအသုံးပြုနေသော ခရီးသည်များကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့ရှိ ဒေသများကြား ပြေးဆွဲနေသော ရေပေါ်တက္ကစီအတွင်း ခရီးသည်များကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီရတ်နိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီး ရာဇက် မူဟိုင်ဘီစ်က အစိုးရအနေဖြင့် ၇ နှစ်ကြာ ရပ်ဆိုင်းထားခဲ့သော ဝန်ဆောင်မှု ပြန်လည်စတင်ရန် စိတ်အားထက်သန်လျက်ရှိကြောင်း ယခုလအတွင်း ပြုလုပ်ခဲ့သော ရေပေါ်တက္ကစီဝန်ဆောင်မှု ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

“အလုပ်သမားတွေ၊ ကျောင်းသား/ကျောင်းသူတွေနဲ့ မြို့နေလူထုအားလုံးအနေနဲ့ သူတို့လုပ်ငန်းခွင်တွေဆီ အချိန်မှန် ရောက်ရှိရေးအတွက် နှောင့်နှေးမှုဖြစ်စေတဲ့ ယာဉ်ကြောကျပ်တည်းမှုကို ကျော်လွှားနိုင်ဖို့ ဖြေရှင်းနည်းပေါင်းများစွာ ဖော်ထုတ်လျက်ရှိပါတယ်။ အဲဒီဖြေရှင်းနည်းတွေထဲက တစ်ခုကတော့ ရေပေါ်တက္ကစီပါပဲ” ဟု မူဟိုင်ဘီစ်က ဆိုသည်။

လက်ရှိတွင် ရေပေါ်တက္ကစီဝန်ဆောင်မှုတွင် ၄၀ ယောက်စီး၊ ၃၀ ယောက်စီးနှင့် ၁၀ ယောက်စီး စသဖြင့် သင်္ဘောအမျိုးအစား သုံးမျိုးရှိကာ ခရီးစဉ်တစ်ကြောင်းလျှင် အခကြေးငွေအဖြစ် အီရတ် ဒိုင်နာ (Iraqi dinars) ၂,၀၀၀ (အမေရိကန်ဒေါ်လာ ၁.၅၃) သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Iraqi capital relaunches river taxi service to ease traffic congestion
BAGHDAD, July 21 (Xinhua) — In Iraq’s capital Baghdad, a city of more than 9 million people, traffic jams on the streets are way too often and heavy, especially during the commuting at peak hours.
Consequently, many in Baghdad are looking forward to the relaunch of the river taxi, which facilitates the crossing between the banks of the Tigris River that bisects the city.
During the opening ceremony of the river taxi service this month, Iraqi Minister of Transportation Razzaq Muhaibis said the government is keen to reopen the service after seven years of suspension.
“The current Iraqi government has developed several solutions to overcome traffic jams that lead to delays for employees, students, and all citizens in reaching their workplaces on time, and one of these solutions is the river taxi,” Muhaibis explained.
Currently, the river taxi service provides three kinds of boats: 40-passenger, 30-passenger, and 10-passenger, with a single journey costing 2,000 Iraqi dinars (1.53 U.S. dollars).
Photo 1,2: A night shot shows people using river taxis to travel between areas of Baghdad, Iraq, on July 16, 2023. (Xinhua/Khalil Dawood)
Photo 3: People stay in a river taxis travelling between the areas of Baghdad in Baghdad, Iraq, on July 16, 2023. (Xinhua/Khalil Dawood)