Connect with us

China

တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းသုံး ဒုံးပျံ CERES-1 Y6 ဖြင့် ဂြိုဟ်တုနှစ်စင်း လွှတ်တင်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ CERES-1 Y6 သယ်ဆောင်ရေးဒုံးပျံ လွှတ်တင်နေသည်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျိုချွမ်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ CERES-1 Y6 သယ်ဆောင်ရေးဒုံးပျံတစ်စင်းကို ဇူလိုင် ၂၂ ရက်က လွှတ်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စီးပွားရေးလုပ်ငန်းသုံး ဒုံးပျံကို လွှတ်တင်ရေးစင်တာမှ ပေကျင်းစံတော်ချိန် မွန်းလွဲ ၁:၀၇ နာရီ၌ လွှတ်တင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းသုံး ဂြိုဟ်တုနှစ်စင်းဖြစ်သော Qiankun-1 နှင့် Xingshidai-16 တို့ကို စီစဉ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ပို့လွှတ်ခဲ့သည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ CERES-1 Y6 သယ်ဆောင်ရေးဒုံးပျံ လွှတ်တင်နေသည်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်းမြို့အခြေစိုက် နည်းပညာမြင့်ကုမ္ပဏီကြီးဖြစ်သော Galactic Energy မှ တီထွင်ထုတ်လုပ်ထားသော CERES-1 ဒုံးပျံသည် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ သေးငယ်သောဂြိုဟ်တုလေးများ လွှတ်တင်နိုင်စွမ်းရှိသည့် သယ်ဆောင်ရေးဒုံးပျံတစ်စင်းဖြစ်သည်။

ယခုအကြိမ်လွှတ်တင်မှုသည် CERES-1 သယ်ဆောင်ရေးဒုံးပျံစီးရီး၏ ဆဋ္ဌမမြောက်ပျံသန်းရေးမစ်ရှင်လည်း ဖြစ်သည်။ (Xinhua)

………………………………
(English Version)
China’s commercial rocket CERES-1 Y6 launches 2 satellites
JIUQUAN, July 22 (Xinhua) — China on Saturday launched the CERES-1 Y6 carrier rocket from the Jiuquan Satellite Launch Center in northwest China.
The commercial rocket blasted off at 1:07 p.m. (Beijing Time) from the launch site, sending two commercial satellites, Qiankun-1 and Xingshidai-16, into the planned orbit.
Developed by the Beijing-based high-tech company Galactic Energy, the CERES-1 is a carrier rocket capable of sending micro-satellites into orbit.
The launch was the sixth flight mission of the CERES-1 rocket series.
Photo 1,2: The CERES-1 Y6 carrier rocket is launched from the Jiuquan Satellite Launch Center in northwest China, July 22, 2023. (Photo by Wang Jiangbo/Xinhua)