Connect with us

Videos

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် PLA လေတပ်က မည်သူမဆိုဝင်ရောက်လေ့လာနိုင်မည့် လေကြောင်းဆိုင်ရာအစီအစဉ် ပြုလုပ်မည်

ပေကျင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) လေတပ်က တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် ချန်ချွမ်းမြို့တွင် ဇူလိုင် ၂၆ ရက်မှ ၃၀ ရက်အထိ မည်သူမဆိုလာရောက်လေ့လာနိုင်သော လေကြောင်းဆိုင်ရာအစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပေကျင်းမြို့၌ ဇူလိုင် ၂၁ ရက် သတင်းစာရှင်းလင်းပွဲအရ သိရသည်။အချိန် ၅ ရက်ကြာပြုလုပ်မည့် အဆိုပါ အစီအစဉ်တွင် လေယာဉ်အလှပြပျံသန်းမှုများ၊ လေထီးခုန်တင်ဆက်မှုနှင့် သဏ္ဌာန်တူသရုပ်ပြတိုက်ခိုက်မှုများ စသည့် အစီအစဉ်အမျိုးမျိုး ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း PLA လေတပ် ပြောရေးဆိုခွင့်ရှိသူ ရှဲ့ဖုန်းက ပြောခဲ့သည်။

ယင်းအစီအစဉ်များအတွင်း PLA လေတပ် စစ်တီးဝိုင်းချီတက်မှုက ပထမဆုံးအနေဖြင့် ပါဝင်မည်ဖြစ်ကြောင်း၊ August 1st လေယာဉ်အလှပြပျံသန်းရေးအဖွဲ့ကလည်း အသစ်တပ်ဆင်ထားသော J-10C တိုက်လေယာဉ်ဖြင့် တရုတ်နိုင်ငံမှ လေ့လာသူများအား ပထမဆုံး ပါဝင်တင်ဆက်ပြသမည်ဖြစ်ကြောင်း ရှဲ့က ပြောကြားခဲ့သည်။ (Xinhua)

………………………………

PLA Air Force to host aviation open day in NE China

BEIJING, July 21 (Xinhua) — The Chinese People’s Liberation Army (PLA) Air Force will host aviation open-day activities from July 26 to 30 in Changchun, the northeastern province of Jilin, according to a press conference held on Friday in Beijing.
The five-day event will feature various activities such as aerobatic shows, skydiving performance, and actual combat simulations, said Xie Peng, spokesperson of the PLA Air Force.
During the open days, PLA Air Force military band parades will take place for the first time, Xie said, adding that the August 1st aerobatics team will present the first performance to Chinese audiences with the newly-equipped J-10C fighter jets.
Photo: Aircrafts of the Bayi Aerobatic Team conduct training for the upcoming 14th Airshow China in south China’s Guangdong Province Nov. 6, 2022. (Xinhua/Zhang Yongjin)