Connect with us

China

ချိန်တူး FISU ကမ္ဘာ့တက္ကသိုလ်အားကစားပွဲ ဖွင့်ပွဲအခမ်းအနား၏ ခမ်းနားမှုက တူရကီ ကိုယ်စားလှယ်အဖွဲ့ကို အံ့ဩဖွယ်ဖြစ်စေ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ချိန်တူးမြို့တွင် ဇူလိုင် ၂၈ ရက်က ကျင်းပသော ၃၁ ကြိမ်မြောက် ကမ္ဘာ့တက္ကသိုလ် နွေရာသီအားကစားပွဲ ဖွင့်ပွဲအခမ်းအနားအတွင်း အနုပညာရှင်များ တင်ဆက်ဖျော်ဖြေနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

ချိန်တူး FISU ကမ္ဘာ့တက္ကသိုလ်အားကစားပွဲကြီးသည် အတူယှဉ်တွဲနေထိုင်မှုကို မြှင့်တင်ပေးနိုင်သည့် အသိုက်အဝန်းတစ်ရပ် တည်ဆောက်ရန် ပံ့ပိုးပေးလျက်ရှိသလို ယုံကြည်ကိုးကွယ်မှုအမျိုးမျိုး၊ ဘာသာစကားအမျိုးမျိုး၊ မတူညီသောလူမျိုးများ စည်းလုံးညီညွတ်မှုရှိစေရန် အခွင့်အလမ်းတစ်ရပ် ပေးအပ်လျက်ရှိရာ တူရကီနိုင်ငံ ကိုယ်စားပြုအဖွဲ့က ဖွင့်ပွဲအခမ်းအနားကို စစ်မှန်သော ချစ်ကြည်ရင်းနှီးမှုနှင့် ညီရင်းအစ်ကိုပမာ ခင်မင်ရင်းနှီးမှုရှိသော မြင်ကွင်းအဖြစ် ရှုမြင်ခဲ့သည်။

တုန်းအန်းရေကန် အားကစားဥယျာဉ် အားကစားရုံတွင် ပြုလုပ်သော ဖွင့်ပွဲအခမ်းအနားက တရုတ်နိုင်ငံ၏ မြောက်မြားလှစွာသော ယဉ်ကျေးမှုအမွေအနှစ် သင်္ကေတများကို ဖော်ပြခဲ့သလို ပြည်သူများနှင့် အားကစားများအပေါ် အလေးထားမှုကို ဖော်ပြခဲ့ကြောင်း သေနတ်ပစ်အားကစားသမားတစ်ဦးဖြစ်သည့် Sevval Ilayda Tarhan က ပြောခဲ့သည်။
“ဒါက တကယ့်ကို ခမ်းနားကြီးကျယ်ပြီး ကောင်းမွန်စွာစီစဉ်ထားတဲ့ ဖွင့်ပွဲအခမ်းအနားကြီးပါပဲ။ အစီအစဉ်တွေက ပြည်သူတွေနဲ့ အားကစားအတွက် အလေးထားမှုကို အပြည့်အဝဖော်ပြနေပါတယ်။ အလွန့်အလွန်ကို လှပါတယ်။ ကျွန်တော်တို့အားလုံး သဘောကျတယ်” ဟု Tarhan က ဆင်ဟွာနှင့် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံမေးမြန်းရာတွင် ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Turkish delegation amazed by grand ceremony of Chengdu FISU World University Games
ISTANBUL, July 29 (Xinhua) — Chengdu Universiade helps to build a community that can promote coexistence and offers an opportunity to unite people of different religions, languages and races as the Turkish delegation had a real sense of friendship and brotherhood in the opening ceremony.
Sevval Ilayda Tarhan, a shooting athlete, said the opening show at the Dong’an Lake Sports Park Stadium, featuring several symbols of China’s cultural heritage, perfectly revealed respect for people and sports.
“It was really a very big and very well-organized opening ceremony. The program perfectly revealed respect for people and sports. It was really beautiful. We all loved it. We all admired it,” Tarhan told Xinhua in an online interview.
Photo: Artists perform during the opening ceremony of the 31st FISU Summer World University Games in Chengdu, southwest China’s Sichuan Province, July 28, 2023. (Xinhua/Chen Zeguo)