Connect with us

China

ယခုနှစ်အတွင်း တရုတ်-ဥရောပ ကုန်တင်ရထားခရီးစဉ် ၁၀,၀၀၀ အထိ ရောက်ရှိလာ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့မှ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့သို့ ထွက်ခွာမည့် တရုတ်-ဥရောပ ကုန်တင်ရထားဖြစ်သော Shanghai Express ရထားကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ်အတွင်း တရုတ်-ဥရောပ ကုန်တင်ရထားခရီးစဉ်အရေအတွက် ၁၀,၀၀၀ ကြိမ်မြောက်အဖြစ် တရုတ်-ဥရောပကုန်တင်ရထားတစ်စင်းသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ရိဝူးမြို့မှ စပိန်နိုင်ငံ မက်ဒရစ်မြို့သို့ သွားရောက်ရန် ဇူလိုင် ၂၉ ရက် နံနက်ပိုင်းက ထွက်ခွာလာခဲ့သည်။

အသုံးအဆောင်များ၊ မော်တော်ကားအပိုပစ္စည်းများ၊ လျှပ်စစ်စက်ဘီးများ၊ နေရောင်ခြည်စွမ်းအင်သုံးမော်ဂျူးများ စသဖြင့် ကုန်စည်အမျိုးမျိုးပါဝင်သည့် TEUs ၁၁၀ တင်ဆောင်ထားသော ရထားသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အာလာဆန်းနယ်စပ်စခန်းမှတစ်ဆင့် ဖြတ်သန်း၍ အချိန် ၂၁ ရက်ခန့်အကြာ၌ မက်ဒရစ်မြို့သို့ ရောက်ရှိမည်ဟု မျှော်မှန်းထားသည်။

ယခုနှစ်အတွင်း တရုတ်-ဥရောပ ကုန်တင်ရထား ခရီးစဉ် ၁၀,၀၀၀ ပြည့်မြောက်သွားသည့်အချိန်သည် ယခင်နှစ်ကထက် ၂၂ ရက်ပိုစောကြောင်း China State Railway Group Co., Ltd. (China Railway) က ပြောခဲ့သည်။

အဆိုပါရထားများသည် ယခုနှစ်အတွင်း ကုန်စည် TEUs ၁.၀၈ သန်း သယ်ယူပို့ဆောင်ပေးခဲ့ပြီး ယခင်နှစ်ကထက် ၂၇ ရာခိုင်နှုန်းများပြားခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China-Europe freight train trips reach 10,000 in 2023
HANGZHOU, July 29 (Xinhua) — A China-Europe freight train departed from the city of Yiwu in east China’s Zhejiang Province on Saturday morning for Madrid, Spain, marking the 10,000th trip of China-Europe freight trains this year.
Loaded with 110 twenty-foot equivalent units (TEUs) of various goods such as accessories, automotive parts, electric bicycles, and photovoltaic modules, the train will pass through the Alataw Pass in northwest China’s Xinjiang Uygur Autonomous Region and is expected to arrive in Madrid in approximately 21 days.
China State Railway Group Co., Ltd. (China Railway) said that the number of 10,000 trips of China-Europe freight train this year was achieved 22 days earlier than last year.
Those trains have transported over 1.08 million TEUs of goods this year, up 27 percent over a year ago.
Photo: Photo taken on Sept. 28, 2021 shows a Shanghai Express, a China-Europe freight train linking Shanghai with Europe, leaving east China’s Shanghai Municipality for Hamburg, Germany. (Xinhua/Ding Ting)