Connect with us

China

တရုတ်နိုင်ငံ ဝန်ကြီးချုပ်နှင့် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး တွေ့ဆုံ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်နှင့် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဂျန်းနက် ရယ်လန်တို့ ၂၀၂၃ ခုနှစ် ဇူလိုင် ၇ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဂျန်းနက် ရယ်လန် (Janet Yellen) အား ဇူလိုင် ၇ ရက်က ပေကျင်းမြို့၌ လက်ခံတွေ့ဆုံခဲ့သည်။

ကမ္ဘာကြီးက ယေဘုယျအားဖြင့် တည်ငြိမ်သော တရုတ်-အမေရိကန် ဆက်ဆံရေး လိုအပ်ကြောင်း၊ နှစ်နိုင်ငံအနေဖြင့် မှန်ကန်သောလမ်းကြောင်းကို ရှာတွေ့ခြင်း၊ မတွေ့ခြင်းသည် လူသားမျိုးနွယ်အနာဂတ်အတွက် အရေးပါကြောင်း လီက ပြောခဲ့သည်။ အပြန်အလှန် လေးစားမှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများက နိုင်ငံအချင်းချင်း ဆက်ဆံရေး၏ အခြေခံစည်းမျဉ်းများဖြစ်ကြောင်းနှင့် နိုင်ငံများအဆင်ပြေစွာ ဆက်ဆံရေးအတွက် လမ်းကြောင်းမှန်လည်းဖြစ်ကြောင်း လီက ဆိုသည်။

“တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုက အမေရိကန်နိုင်ငံအတွက် စိန်ခေါ်မှုမဟုတ်တဲ့ အခွင့်အလမ်းဖြစ်ပြီး အန္တရာယ်မဟုတ်တဲ့ တိုးတက်မှုဖြစ်ပါတယ်” ဟု လီက ပြောခဲ့သည်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံရေးအမြတ်ထုတ်ခြင်းက နှစ်နိုင်ငံနှင့် ကမ္ဘာကြီးတစ်ခုလုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကောင်းမွန်ခြင်းမရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Chinese premier meets U.S. treasury secretary
BEIJING, July 7 (Xinhua) — Chinese Premier Li Qiang on Friday met with U.S. Treasury Secretary Janet Yellen in Beijing.
Li said the world needs a generally stable China-U.S. relationship, and whether the two countries can find the right way to get along is of significance to the future of humanity. Mutual respect, peaceful coexistence and win-win cooperation are the basic principles of state-to-state interactions, and also the right way for countries to get along with each other.
“China’s development is an opportunity rather than a challenge for the United States, and a gain rather than a risk,” Li said. He added that politicizing economic cooperation does no good for the economic development of the two countries and the whole world.
Photo: Chinese Premier Li Qiang meets with U.S. Treasury Secretary Janet Yellen at the Great Hall of the People in Beijing, capital of China, July 7, 2023. (Xinhua/Yue Yuewei)