Connect with us

China

တရုတ်နိုင်ငံ၏ ရထားလုပ်ငန်းရင်းနှီးမြှုပ်နှံမှု ပထမ ၇ လအတွင်း ၇ ရာခိုင်နှုန်းမြင့်တက်လာ

တရုတ်နိုင်ငံ မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ် ရှုံအန်းဧရိယာသစ်ရှိ ရှုံ့အန်းဘူတာရုံမှ ပေကျင်းသို့ ထွက်ခွာမည့် မြန်နှုန်းမြင့်ရထားကို ၂၀၂၃ ခုနှစ် မတ် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ရထားလုပ်ငန်းတွင် မရွှေ့မပြောင်းနိုင်သော ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၂၀၂၃ ခုနှစ် ပထမ ၇ လအတွင်း ယွမ် ၃၇၁.၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၁.၉ ဘီလီယံခန့်) ရှိခဲ့ရာ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တရုတ်နိုင်ငံရထားလုပ်ငန်းကုမ္ပဏီ လီမိတက်မှ အချက်အလက်များ၌ ဖော်ပြထားသည်။

ချင်းဟိုင်-တိဗက် ရထားလမ်း၏ ရှီးနန်- ကယ်အယ်မုလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း၌ တစ်နာရီလျှင် ကီလိုမီတာ ၁၆၀ အမြန်နှုန်းဖြင့် ကျည်ဆန်ရထားများပြေးဆွဲခွင့်ပြုခဲ့ရာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ချင်းဟိုင်ပြည်နယ်တွင် နာမည်ကျော် ခရီးသွားဧည့်သည်များလာရောက်လည်ပတ်သောနေရာများဖြစ်သော ကယ်အယ်မုနှင့် တယ်လျင်ဟားသို့ ခရီးသွားမည့် ပြည်သူများအတွက် သက်သာစေမည်ဖြစ်သည်။
ထို့ပြင် လန်ကျိုး-ဝူလူမုချီ မြန်နှုန်းမြင့်ရထားလမ်း၏ လန်ကျိုး-ရှီးနင် လမ်းပိုင်းကိုလည်း အဆင့်မြှင့်တင်ခဲ့ရာ တစ်နာရီလျှင် ကီလိုမီတာ ၂၅၀ နှုန်းဖြင့် ပြေးဆွဲသောရထားများအား ဖြတ်သန်းခွင့်ပြုခဲ့ပြီး တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ် မြို့တော် လန်ကျိုးနှင့် ချင်းဟိုင်ပြည်နယ် မြို့တော် ရှီးနင်ကြား ခရီးသွားကြာမြင့်ချိန်ကို ၅၉ မိနစ်အထိ လျှော့ချပေးနိုင်ခဲ့ကြောင်း သိရသည်။
ရထားလမ်းစီမံကိန်းအသစ်များစွာ တည်ဆောက်ရေးလုပ်ငန်းသည်လည်း ယခုနှစ် နှစ်ဆန်းပိုင်းမှစ၍ အဆင်ပြေချောမွေ့စွာ တိုးတက်လျက်ရှိကြောင်းနှင့် တည်ဆောက်ရေးလုပ်ငန်းစဉ်များရှိ အဓိကစီမံကိန်းအချို့မှာလည်း သမိုင်းမှတ်တိုင်များလည်း ရရှိခဲ့ကြောင်း ကုမ္ပဏီက ဆိုသည်။

တရုတ်နိုင်ငံ၏ ရထားလုပ်ငန်းသည် ဇူလိုင်လတွင် ခရီးသည်ခရီးစဉ်ပေါင်း ၄၀၆ သန်း ရှိခဲ့ကြောင်း၊ ယင်းလတွင် နေ့စဉ် ရထား ၁၀,၁၆၉ စင်းပြေးဆွဲလျက်ရှိကြောင်းနှင့် ၂၀၁၉ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၄.၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

………………………………
(English Version)
China’s railway investment grows 7 pct in first seven months

BEIJING, Aug. 12 (Xinhua) — China’s fixed asset investment in railways hit 371.3 billion yuan (about 51.9 billion U.S. dollars) in the first seven months of 2023, representing a 7 percent increase compared to the same period last year, data from the China State Railway Group Co., Ltd. showed.
For instance, the upgrade project for the Xining-Golmud section of the Qinghai-Tibet Railway allowed 160 km/h bullet trains to operate, easing passengers’ travel to Golmud and Delingha, hot travel spots in Qinghai Province in northwest China.
An upgrade project at the Lanzhou-Xining section of the Lanzhou-Urumqi High-speed Railway allowed the operation of 250 km/h trains, cutting travel time between Lanzhou, capital of northwest China’s Gansu Provine, and Xining, capital of the neighboring Qinghai Province, to as short as 59 minutes.
The company said that construction work on multiple new railway projects has been progressing smoothly since the start of this year, and some key projects achieved milestones in the construction process.
In July, the nation’s railways recorded 406 million passenger trips. During the month, 10,169 trains were operating daily, up 14.2 percent compared to the same period in 2019, according to the company.
Photo: A high-speed train departs for Beijing from the Xiong’an Railway Station in Xiong’an New Area, north China’s Hebei Province, March 22, 2023. (Xinhua/Mu Yu)