Connect with us

China

တရုတ်နိုင်ငံ၏ သဘာဝဓာတ်ငွေ့ထွက်ရှိမှုမှာ ဇူလိုင်လအတွင်း ၇.၆ ရာခိုင်နှုန်းမြင့်တက်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ်၊ ရှန်းယန်မြို့ လီချွမ်ခရိုင်တွင် တတိယမြောက် အနောက်မှ အရှေ့သို့ ပေးပို့သော သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ ဆန်ရှီးအပိုင်း တည်ဆောက်ရေးလုပ်ငန်းခွင်၌ အလုပ်လုပ်ကိုင်နေသူများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ သဘာဝဓာတ်ငွေ့ထွက်ရှိမှုမှာ ဇူလိုင်လအတွင်း တိုးတက်မှုပိုမိုလျင်မြန်ခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရိုမှ အချက်အလက်များ၌ ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် ယခင်လက သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၈.၄ ဘီလီယံ ထုတ်လုပ်ခဲ့ရာ ယခင်နှစ် အလားတူကာလထက် ၇.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ အဆိုပါ တိုးတက်မှုနှုန်းမှာ ဇွန်လကထက် ပွိုင့် ၂.၁ ရာခိုင်နှုန်း ပိုမိုများပြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် တရုတ်နိုင်ငံက ဇူလိုင်လအတွင်း သဘာဝဓာတ်ငွေ့ တန်ချိန် ၁၀.၃၁ သန်း တင်သွင်းခဲ့ပြီး ယမန်နှစ် ကာလတူထက် ၁၈.၅ ရာခိုင်နှုန်း တိုးလာကြောင်း အမျိုးသားစာရင်းအင်းဗျူရိုအရ သိရသည်။

တရုတ်နိုင်ငံ၏ သဘာဝဓာတ်ငွေ့ထွက်ရှိမှုမှာ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ကုဗမီတာ ၁၃၄ ဘီလီယံအထိ ရှိခဲ့ရာ ၂၀၂၂ ခုနှစ် အလားတူကာလထက် ၅.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China’s natural gas output up 7.6 pct in July

BEIJING, Aug. 19 (Xinhua) — China’s natural gas output registered faster growth in July, data from the National Bureau of Statistics showed.
The country produced 18.4 billion cubic meters of natural gas last month, up 7.6 percent from a year earlier. The growth rate was 2.1 percentage points higher than that of June.
The country imported 10.31 million tonnes of natural gas last month, up 18.5 percent year on year, according to the bureau.
From January to July, China’s natural gas output rose 5.7 percent year on year to 134 billion cubic meters.
Photo: Workers operate at a construction site of the Shaanxi section of the third West-to-East natural gas pipeline in Liquan County, Xianyang City of northwest China’s Shaanxi Province, Feb. 16, 2023. (Xinhua/Zhang Bowen)