Connect with us

China

ရေလက်ကြားဖြတ်ကျော် ခရီးသွားများအနေဖြင့် နိုင်ငံအတွင်းမဝင်မီ ကိုဗစ်-၁၉ ရောဂါစစ်ဆေးရန် မလိုအပ်တော့

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန့်လျန်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသမှ တိုက်ရိုက်သော်လည်းကောင်း၊ ထိုင်ဝမ်မှတစ်ဆင့် ဖြတ်သန်း၍သော်လည်းကောင်း တရုတ်နိုင်ငံ ပြည်မကြီးသို့ ခရီးသွားလာသူများအနေဖြင့် ဩဂုတ် ၃၀ ရက်မှစ၍ နိုင်ငံအတွင်းမဝင်မီ ကိုဗစ်-၁၉ (COVID-19) ရောဂါစစ်ဆေးမှု nucleic acid or antigen စစ်ဆေးမှု လုပ်ဆောင်ရန် မလိုအပ်တော့ကြောင်း ပြည်မကြီး ပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၂၉ ရက်၌ ပြောကြားခဲ့သည်။

နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာ ပြောရေးဆိုခွင့်ရှိသူ ကျူးဖုန့်လျန်က ရေလက်ကြားဖြတ်ကျော် ခရီးသွားလာသူများအတွက် ကိုဗစ်-၁၉ ရောဂါလုပ်ထုံးလုပ်နည်း ချိန်ညှိမှုနှင့် စပ်လျဉ်း၍ မီဒီယာမေးမြန်းမှုကို အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)

………………………………
(English Version)
Mainland to drop pre-entry COVID-19 test requirement for cross-Strait travelers
BEIJING, Aug. 29 (Xinhua) — People traveling to the Chinese mainland, either directly from China’s Taiwan region or transiting through Taiwan, will no longer be required to take a pre-entry nucleic acid or antigen test for COVID-19 starting from Aug. 30, according to a mainland spokesperson on Tuesday.
Zhu Fenglian, spokesperson for the State Council Taiwan Affairs Office, made the remarks in response to a media inquiry regarding the adjustment of COVID-19 protocols for cross-Strait travelers.
Photo: Zhu Fenglian, a spokesperson for the State Council’s Taiwan Affairs Office, attends a press conference in Beijing, capital of China, Nov. 10, 2021. (Xinhua/Chen Yehua)