Connect with us

Media

တရုတ်ပညာသင်ဆုက အီသီယိုးပီးယားကျောင်းသား/သူများ၏ မျှော်မှန်းချက်ကို အားကောင်းစေ

အဒစ်အဘာဘာ ၊ ဩဂုတ် ၃၀ ရက် (ဆင်ဟွာ)

အီသီယိုးပီးယား နိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးနိုင်ရန်ဟူသော ၎င်း၏အိပ်မက်မှာ ခြေတစ်လှမ်း ပိုနီးကပ်လာပြီဟု ၂၀၂၃-၂၀၂၄ ပညာရေးနှစ်အတွက် တရုတ်အစိုးရပညာသင်ဆု ရရှိခဲ့သည့် Sileshi Kebede က ယုံကြည်လျက် ရှိနေသည်။
အီသီယိုးပီးယားနိုင်ငံရှိ တရုတ်နိုင်ငံသံရုံးက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တရုတ်အစိုးရပညာသင်ဆု လက်ခံရရှိ ထားသည့် အီသီယိုးပီးယား ကျောင်းသား/သူများအား နှုတ်ဆက်ပွဲကို ဩဂုတ် ၂၄ ရက်တွင် စီစဉ်ကျင်းပခဲ့ပြီးနောက် Kebede နှင့် အခြားကျောင်းသား/သူ ၂၅ ဦးသည် ယခုအခါတွင် တရုတ်နိုင်ငံ၌ လေ့လာရေးခရီးသစ်တစ်ခုအား အစပြုခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

Kebede က တရုတ်နိုင်ငံသို့ သွားရောက်ပြီးနောက် တရုတ်ခေတ်မီအသွင်ကူးပြောင်းမှုဖြစ်စဉ်များ ၊ တရုတ်နိုင်ငံ၏ ပြောင်းလဲမှု နှင့် ဖွံ့ဖြိုးတိုးတက်မှုများ တွေ့ကြုံစဉ်အတွင်း ၎င်းအနေဖြင့် လေ့လာအားထုတ်မှုများ ပိုမိုလုပ်ဆောင်သွားရန် အစွမ်းကုန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။ (Xinhua)

…………………………….
(English Version)
Chinese scholarship empowers Ethiopian students dream
Sileshi Kebede, who was awarded the Chinese government scholarship for the 2023-2024 school year, believes he is one step closer to his dream of contributing to his country’s socioeconomic development.
After a farewell party organized by the Chinese Embassy in Ethiopia for Ethiopian students receiving Chinese government scholarships for the 2023-2024 academic year on Thursday, Kebede and other 25 students are now embarking on a new study journey in China.
Kebede emphasized that after going to China, he would spare no effort to further his studies while experiencing the development and changes of China and the process of Chinese modernization.
Xinhua News Agency correspondents reporting from Addis Ababa.(XHTV)