Connect with us

China

တရုတ်နိုင်ငံက စီးပွားရေးပြန်လည်နာလန်မှုနှင့် ယုံကြည်မှု မြှင့်တင်ရန် ဆောင်ရွက်မှုများ ထုတ်ပြန်

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် ချန်ကျိုးမြို့ရှိ တရုတ်လျှပ်စစ်ကား (EV) ထုတ်လုပ်ရေး Li Auto Inc. ၏ စက်ရုံကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)

ပြည်တွင်းနှင့် ပြည်ပတွင် စိန်ခေါ်မှုများရှိနေလင့်ကစား တရုတ်နိုင်ငံ၏ စီးပွားရေးပြန်လည်နာလန်ထူမှုမှာ ဆက်လက်၍ သွက်လက်မြန်ဆန်လျက်ရှိသလို တရုတ်နိုင်ငံအနေဖြင့်လည်း စီးပွားရေးပြန်လည်ကောင်းမွန်လာရေးနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအတွက် ယုံကြည်မှု တိုးမြှင့်ရန် ဆောင်ရွက်မှုများ တိုးချဲ့ပံ့ပိုးလျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံက သုံးစွဲမှု၊ ပုဂ္ဂလိကစီးပွားရေးနှင့် အိမ်ခြံမြေဈေးကွက် စသည်တို့မှအစ ငွေကြေးဈေးကွက်နှင့် နိုင်ငံခြားငွေကြေးလဲလှယ်ရေးဈေးကွက်အထိ အထူးကဏ္ဍများကို ရည်မှန်းထားသည့် မူဝါဒများစွာကို ကြေညာခဲ့သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ရိကျောက်မြို့၊ ရိကျောက် အဆင့်မြင့်နည်းပညာ စက်မှုဖွံ့ဖြိုးတိုးတက်မှုဇုန်ရှိ အလုပ်ရုံ၌ဆေးထိုးအပ် အရည်အသွေးစစ်ဆေးနေသော ဝန်ထမ်းများကို ၂၀၂၃ ခုနှစ် ဇွန် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စီးပွားရေးတိုးတက်မှု မောင်းနှင်ရာတွင် အခြေခံအခန်းကဏ္ဍအဖြစ် ပါဝင်သော သုံးစွဲမှုကို တွန်းအားပေးရန် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှုကော်မရှင် (NDRC) က စွမ်းအင်သစ်သုံးမော်တော်ယာဉ်များ၊ နေအိမ်အသုံးအဆောင်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ စားသောက်ကုန်လုပ်ငန်းနှင့် ခရီးသွားလုပ်ငန်း အပါအဝင် ကုန်စည်နှင့် ဝန်ဆောင်မှုများစွာ၌ သုံးစွဲသူများ အသုံးပြုမှုကို လှုံ့ဆော်ပေးရန် ယခုသီတင်းပတ်အတွင်း အချက် ၂၀ ပါဝင်သော အစီအစဉ်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ပံ့ပိုးဆောင်ရွက်ချက်များက ဖြည်းဖြည်းချင်း အကျိုးသက်ရောက်မှုရှိလာခြင်းနှင့်အတူ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း တည်ငြိမ်၍ အားကောင်းသောပြောင်းလဲမှုကို ထိန်းထားနိုင်မည်ဖြစ်ကြောင်း ထိပ်တန်းစီးပွားရေးစီမံကိန်းဌာနက ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
China rolls out measures to boost economic recovery, confidence
BEIJING, Aug. 4 (Xinhua) — Despite challenges at home and abroad, China’s economic recovery continues apace, and the country is extending support measures to boost confidence, ensure sustained recovery and promote high-quality development.
The country has announced a slew of policy pledges, targeting specific sectors ranging from consumption, private economy, and property market, to capital market and forex market.
To encourage consumption, which the government said plays a fundamental role in driving economic growth, the National Development and Reform Commission (NDRC) released a 20-point plan this week to spur consumer spending on a wide range of goods and services, including new energy vehicles, home appliances, electronics, catering, and tourism.
With the effect of the supportive measures gradually playing out, the economy will maintain its stable and sound trend in the second half of this year, said an official of the country’s top economic planner.
Photo 1: This photo taken on Feb. 15, 2023 shows a factory of Chinese electric vehicle (EV) maker Li Auto Inc. in Changzhou, east China’s Jiangsu Province. (Xinhua/Li Bo)
Photo 2: Staff members perform quality check on medical injections at a workshop in Rizhao Hi-Tech Industrial Development Zone of Rizhao City, east China’s Shandong Province, June 29, 2023. (Xinhua/Guo Xulei)