Connect with us

International Organizations

ဒေသတွင်းလုံခြုံရေးအတွက် ပါလက်စတိုင်းအရေးကိစ္စ တရားမျှတစွာ အဖြေရှာရန် လိုအပ်ကြောင်း ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးပြောကြား

ဆော်ဒီအာရေဗျနိုင်ငံ၊ Riyadh မြို့တွင်ကျင်းပသော ၁၀ ကြိမ်မြောက် အာရပ်-တရုတ် စီးပွားရေးညီလာခံ၌ ဆော်ဒီနိုင်ငံအာရေဗျနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan Al Saud က ၂၀၂၃ ခုနှစ်၊ ဇွန် ၁၁ ရက်၌ အဖွင့်မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ-- Saudi Press Agency/Handout via Xinhua)

ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

ဒေသတွင်းတည်ငြိမ်ရေးအတွက် ပါလက်စတိုင်းအရေးကိစ္စအား တရားမျှတာစွာဖြေရှင်းရေးသည် မရှိမဖြစ်လိုအပ်ကြောင်း ဆော်ဒီအာရေးဗီးယားနိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan Al Saud က စက်တင်ဘာ ၂၃ ရက်၌ ပြုလုပ်သည့် (၇၈)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အထွေထွေဆွေးနွေးပွဲအတွင်း မိန့်ခွန်းပြောကြားစဉ် ထိုသို့ပြောကြားခဲ့သည်။Faisal က ယီမင်နိုင်ငံ အပါအဝင် အရှေ့အလယ်ပိုင်း အရေးကိစ္စ အသီးသီးတွင် ၎င်းနိုင်ငံ၏ ရပ်တည်ချက်ကို ထပ်ခါတလဲလဲ ပြောကြားခဲ့ပြီး၊ ဆော်ဒီအာရေဗျနိုင်ငံ အနေဖြင့် ငြိမ်းချမ်းရေး အစပျိုးဖော်ဆောင်မှုမှာ ယင်းနေရာ၌ ပဋိပက္ခကို အဆုံးသတ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖျက်အားပြင်းသော လက်နက်များရရှိရေး လက်နက်ပြိုင်ဆိုင်မှုကို ဟန့်တားရာတွင် နိုင်ငံများအကြား၊ ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ လုံခြုံရေးနှင့် တည်ငြိမ်ရေးမှာ ဖြစ်နိုင်ချေမရှိကြောင်း၊ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်သည့် တစ်ဖက်သတ် အရေးယူမှုများအားလုံးကို ရှုတ်ချကြောင်း ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ (Xinhua)
——————————–
Regional security requires just solution to Palestinian issue, says Saudi FM
UNITED NATIONS, Sept. 23 (Xinhua) — A just solution to the Palestinian issue is essential for regional stability, stated Saudi Arabian Foreign Minister Faisal bin Farhan Al Saud during his address at the 78th session of the UN General Assembly’s general debate on Saturday.
Faisal repeated his country’s positions on various Middle East issues, including Yemen, saying his country’s “peace initiative” was seeking to end the conflict there.
Security and stability are not possible without cooperation and coordination between states to prevent an arms race to acquire destructive weapons, said the minister, who also condemned all unilateral measures that violate international law. Enditem
Saudi Foreign Minister Faisal bin Farhan Al Saud addresses the opening ceremony of the 10th Arab-China Business Conference in Riyadh, Saudi Arabia, on June 11, 2023. (Saudi Press Agency/Handout via Xinhua)