Connect with us

Videos

တရုတ်-ဗီယက်နမ် နယ်စပ်ကုန်သွယ်ရေးစခန်းက ကုန်တင်ကား အစီးရေ ၃၀၀,၀၀၀ ကျော် ဆောင်ရွက်

နန်နင်း ၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ)

တရုတ်-ဗီယက်နမ်နယ်စပ်ရှိ Friendship Pass ဟု လူသိများသည့် Youyi Pass နယ်စပ်စခန်းသည် ယခုနှစ်အတွင်း ကုန်တင်ကား အစီးရေ ၃၀၀,၀၀၀ ကျော်အား ဆောင်ရွက်ခဲ့ပြီး ယခင်နှစ်ကထက် ၁၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဒေသတွင်းတာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။စက်တင်ဘာ ၂၀ ရက် ည ၉ နာရီအထိ နယ်စပ်စခန်းသည် အဝင် ၊ အထွက် ကုန်တင်ကားအစီးရေ ၃၀၀,၀၀၀ အား ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေးတွင် ခိုင်မာအားကောင်းသော ပြန်လည်နလန်ထူမှုအား ဖော်ပြနေကြောင်း သိရသည်။

ယင်းနယ်စပ်စခန်းသည် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အကြီးဆုံး ကုန်းတွင်းစခန်းများအနက် တစ်ခုဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ အဆင်ပြေဆုံး ကုန်းတွင်း လမ်းကြောင်းများအနက် တစ်ခုနှင့် အရေးကြီးသော သစ်သီးဝလံများဝင်ရောက်သည့် စခန်းတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။ (Xinhua)
—————————–
China-Vietnam border port handles over 300,000 freight vehicles
The Youyi Pass, also known as Friendship Pass, on the China-Vietnam border has processed over 300,000 freight vehicles so far this year, up 150 percent year on year, according to local authorities.
As of 9 p.m. Wednesday, the border port had handled 300,000 inbound and outbound freight vehicles, suggesting its robust recovery in terms of cross-border cargo transport.
The port is one of the largest land ports in Guangxi Zhuang Autonomous Region, south China, and is also one of the most convenient land routes to ASEAN member countries and an important fruit entry port.
Xinhua News Agency correspondents reporting from Nanning, China.(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.