Connect with us

Europe

ဂရိနိုင်ငံ အေသင်မြို့ရှိ ပန်ဒါနီလေးအား အမည်ပေးရန် ဆန္ဒကောက်ယူ

ဂရိနိုင်ငံ အေသင်မြို့ Attica တိရစ္ဆာန်ဥယျာဉ်တွင် ၃ လသား အရွယ် ပန်ဒါနီလေးအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

အေသင်၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ဂရိနိုင်ငံ မြို့တော် အေသင် ဆင်ခြေဖုံးရှိ Attica တိရစ္ဆာန်ဥယျာဉ်သည် ပန်ဒါနီလေးကို အမည်ပေးရန်အတွက် လူမှုကွန်ရက်မီဒီယာပေါ်တွင် ပြည်သူ့ဆန္ဒကောက်ခံမှု တစ်ခု ပြုလုပ်ခဲ့ကြောင်း နို့တိုက်သတ္တဝါစောင့်ရှောက်ရေးဆိုင်ရာ တာဝန်ခံ Antonis Balas က စက်တင်ဘာ ၂၇ ရက်၌ ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၉ ရက် မတိုင်မီ အကြံပြုထားသည့် Mai ၊ Aiko Nami သို့မဟုတ် Ban ဟူသော အမည်များအနက် တစ်ခုကို တိရစ္ဆာန်ချစ်သူများက မဲပေးရွေးချယ်ရမည် ဖြစ်ကြောင်း သိရသည်။

ဟိမဝန္တာတောင်တန်း အရှေ့ပိုင်းနှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် ပေါက်ဖွားသည့် ပန်ဒါနီလေးများကို အပြည်ပြည်ဆိုင်ရာ သဘာဝ ထိန်းသိမ်းရေး အဖွဲ့ (IUCN) က မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိသောမျိုးစိတ် အနီရောင်စာရင်းတွင် ထည့်သွင်းထားသည်။ အဆိုပါ ပန်ဒါနီများ၏ အရေအတွက်သည် ၁၀,၀၀၀ အောက်တွင် ရှိသည်ဟု ခန့်မှန်းချက်များအရ သိရသည်။ ထို့ကြောင့် ဂရိ တိရစ္ဆာန်ဥယျာဉ်တွင် မျိုးပွားသည့်စမ်းသပ်မှု အောင်မြင်ခြင်းအပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်ရခြင်း ဖြစ်သည်။ (Xinhua)

ဂရိနိုင်ငံ အေသင်မြို့ Attica တိရစ္ဆာန်ဥယျာဉ်တွင် ၃ လသား အရွယ် ပန်ဒါနီလေးအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဂရိနိုင်ငံ အေသင်မြို့ Attica တိရစ္ဆာန်ဥယျာဉ်တွင် ၃ လသား အရွယ် ပန်ဒါနီလေးအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဂရိနိုင်ငံ အေသင်မြို့ Attica တိရစ္ဆာန်ဥယျာဉ်တွင် ၃ လသား အရွယ် ပန်ဒါနီလေးအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ဂရိနိုင်ငံ အေသင်မြို့ Attica တိရစ္ဆာန်ဥယျာဉ်တွင် ၃ လသား အရွယ် ပန်ဒါနီလေးအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၅ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

………………………….
(English Version)
GREECE-ATHENS-RED PANDA-NAMING
The Attica Zoological Park, in a suburb of Greece’s capital, launched a poll on social media on Tuesday, asking the public to pick a name for her, Antonis Balas, head keeper of mammals, told Xinhua on Wednesday.
Animal lovers have until Sept. 29 to vote for one of the suggested names: Mai, Aiko Nami or Ban.
The red panda, native to the eastern Himalayas and southwestern China, is listed as endangered on the International Union for Conservation of Nature Red List. Fewer than 10,000 red pandas are estimated to remain in the wild.
This is why the Greek zoo was very happy with the success of the breeding attempt. (Xinhua/Marios Lolos)