Connect with us

China

တရုတ်နိုင်ငံနှင့် အီးယူတို့သည် ပြိုင်ဘက်မဟုတ်သော မိတ်ဖက်များဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိနှင့် ဟန်ဂေရီနိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး Peter Szijjarto တို့ မြို့တော်ပေကျင်းတွင် ၂၀၂၃ ခုနှစ် မေ ၁၅ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) တို့သည် ပြိုင်ဘက်မဟုတ်သော မိတ်ဖက်များဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက စက်တင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ဟန်ဂေရီနိုင်ငံသည် ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်နိုင်ငံနှင့်အတူ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသည့် ပထမဆုံး ဥရောပနိုင်ငံဖြစ်ကြောင်း ဝမ်ရိက ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်စဉ် ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဟန်ဂေရီနိုင်ငံ ဝန်ကြီးချုပ် Victor Orban တို့ မဟာဗျူဟာမြောက် လမ်းညွှန်ချက်အရ တရုတ်နှင့် ဟန်ဂေရီကြား ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုမှာ အကျိုးကျေးဇူးများ ရရှိနေပြီဖြစ်ကာ နိုင်ငံတကာ ဆက်ဆံရေးပုံစံသစ်အတွက် သာဓကကောင်းတစ်ခု ချမှတ်နိုင်ခဲ့ကြောင်း ပြောခဲ့သည်။

တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမ ဖိုရမ်သို့ ဟန်ဂေရီနိုင်ငံ တက်ရောက်မှုကို တရုတ်နိုင်ငံက ကြိုဆိုကြောင်း၊ ၎င်းကို အခွင့်အလမ်းအဖြစ် တရုတ်နိုင်ငံအနေဖြင့် ဟန်ဂေရီနိုင်ငံနှင့်အတူ အပြန်အလှန်ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ တရုတ်-ဟန်ဂေရီ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာမြောက် အစီအစဉ်သစ်များ ချမှတ်ပြီး ခိုင်မာသော တွန်းအားသစ် ဖြည့်တင်းရန် အသင့်ရှိကြောင်း ဝမ်က ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ဟန်ဂေရီ-ဆာဘီးယား ရထားလမ်း အောင်မြင်စွာ တည်ဆောက်နိုင်ရေးနှင့် တရုတ်-ဟန်ဂေရီ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု အောင်မြင်သောပုံစံတစ်ရပ် ပူးတွဲတည်ဆောက်ရေးအတွက် ဟန်ဂေရီနှင့်အတူတကွ ဆောင်ရွက်ရန် အသင့်ရှိကြောင်း ဝမ်က ဆိုသည်။

ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က ဟန်ဂေရီနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြား ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုသည် အရေးပါသော ရလဒ်များ ရရှိနေပြီဖြစ်သလို ဟန်ဂေရီအနေဖြင့် အဆိုပါ ပူးပေါင်းဆောင်ရွက်မှုမှ အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့အတူ ဟန်ဂေရီနိုင်ငံသည် တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမ ဖိုရမ်၌ တက်ကြွစွာ ပါဝင်သွားမည်ဖြစ်သလို နှစ်နိုင်ငံကြား ရပ်ဝန်းနှင့် ပိုးလမ်း ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေး၊ ဟန်ဂေရီ-ဆာဘီးယား ရထားလမ်း တည်ဆောက်မှုတွင် ခိုင်မာသော တိုးတက်မှု ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး ထပ်မံတိုးတက်ရေးအတွက် တွန်းအားပေးသွားမည်ဖြစ်ကြောင်း Szijjarto က ဆိုသည်။ (Xinhua)

………………………………
(English Version)

China, EU are partners, not rivals — Chinese FM

BEIJING, Sept. 27 (Xinhua) — China and the European Union (EU) are partners, not rivals, Chinese Foreign Minister Wang Yi said Wednesday.

Hungary is the first European country to sign an intergovernmental cooperation document with China for the Belt and Road cooperation, he said while speaking by phone with Hungarian Foreign Minister Peter Szijjarto.

Wang, also a member of the Political Bureau of the Communist Party of China Central Committee, said under the strategic guidance of Chinese President Xi Jinping and Hungarian Prime Minister Victor Orban, the Belt and Road cooperation between China and Hungary has yielded fruitful results, setting a good example for a new type of international relations.

China welcomes Hungary’s attendance at the third Belt and Road Forum for International Cooperation, Wang said, adding that China stands ready to take this opportunity with Hungary to enhance mutual trust and friendship, and make new strategic plans for and inject new and strong impetus into the development of China-Hungary relations.

China is ready to work with Hungary to ensure the successful construction of the Hungary-Serbia railway and jointly build a successful model of the China-Hungary practical cooperation, Wang said.

For his part, Szijjarto said the Belt and Road cooperation between Hungary and China has secured important results, from which Hungary has benefited a lot.

Hungary will actively participate in the third Belt and Road Forum for International Cooperation, continue to deepen the Belt and Road cooperation between the two sides, and make solid progress in the construction of the Hungary-Serbia railway, so as to push for further development of bilateral relations, Szijjarto said.

Photo: Wang Yi, a member of the Political Bureau of the Communist Party of China (CPC) Central Committee and director of the Office of the Foreign Affairs Commission of the CPC Central Committee, meets with Hungarian Minister of Foreign Affairs and Trade Peter Szijjarto in Beijing, capital of China, on May 15, 2023. (Xinhua/Zhang Ling)