Connect with us

Media

AIIB က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာမည့် ၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ ချေးငွေထုတ်ပေးမည်

ဒါကာ၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ပေကျင်းမြို့အခြေစိုက် အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) က ဘင်္ဂလားဒေ့ရှ်နိုင်ငံအား လာမည့် ၅ နှစ်တာကာလအတွင်း ရာသီဥတုနှင့် ဆက်စပ်သော စီမံကိန်းများ၌ အဓိက အသုံးပြုရန် အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံ ချေးငွေထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

အီဂျစ်နိုင်ငံ Sharm El-Sheikh မြို့တွင် စက်တင်ဘာ ၂၅ ရက်နှင့် ၂၆ ရက်တွင် ပြုလုပ်ခဲ့သော AIIB ၈ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၌ အဆိုပါ အာမခံချက် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ထိုချေးငွေသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ အခြေခံ အဆောက်အအုံအသီးသီးကို ငွေကြေးပံ့ပိုးပေးနိုင်မည်ဟု ဝန်ကြီးဌာနက ပြောခဲ့သည်။

AIIB သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း စီမံကိန်း ၁၈ ခုအတွက် ချေးငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃.၂၇ ဘီလီယံ ပေးအပ်ထားကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
AIIB to lend Bangladesh 4.5 bln USD in 5 years
DHAKA, Sept. 27 (Xinhua) — The Beijing-headquartered Asian Infrastructure Investment Bank (AIIB) will provide 4.5 billion U.S. dollars in loan to Bangladesh mainly on climate-related projects in the next five years.
The assurance came at the eighth annual meeting of the AIIB that took place on Sept. 25 and 26 at Sharm El-Sheikh in Egypt, Bangladesh’s Ministry of Finance said.
The loan will also help finance various infrastructure projects in the country, said the ministry.
The AIIB has so far provided a total of 3.27 billion dollars in loans for 18 projects in the South Asian country.
Photo: People wearing face masks walk in a park in Dhaka, Bangladesh on Aug. 19, 2020. (Xinhua)