Connect with us

China

တရုတ်နိုင်ငံထုတ် C919 က လေယာဉ်အော်ဒါမှာယူမှု အများဆုံးလက်ခံရရှိ

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ပထမဆုံး စီးပွားရေးလုပ်ငန်းလေကြောင်းခရီးစဉ် ပျံသန်းမည့် တရုတ်နိုင်ငံထုတ် ခရီးသည်တင်လေယာဉ် C919 လေယာဉ်ကို ၂၀၂၃ ခုနှစ် မေ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

China Eastern Airlines က တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းသုံးလေယာဉ် ကော်ပိုရေးရှင်း လီမိတက် (COMAC) နှင့် C919 အစင်းရေ ၁၀၀ ထပ်မံဝယ်ယူရေး စာချုပ်ကို စက်တင်ဘာ ၂၈ ရက်က လက်မှတ်ရေးထိုးခဲ့ရာ တရုတ်နိုင်ငံထုတ် ခရီးသည်တင်လေယာဉ်ကြီးအနေဖြင့် အော်ဒါမှာယူမှုအများဆုံးလည်း ဖြစ်ခဲ့သည်။

အဆိုပါ လေကြောင်းလိုင်းမှ ဝယ်ယူထားသော C919 လေယာဉ်သစ်များကို ၂၀၂၄ ခုနှစ်နှင့် ၂၀၃၁ ခုနှစ်အတွင်း လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း အစီအစဉ်အရ သိရသည်။ (Xinhua)

………………………………
(English Version)
China’s homegrown C919 secures biggest-ever aircraft order
SHANGHAI, Sept. 28 (Xinhua) — China Eastern Airlines signed a purchase contract on Thursday with Commercial Aircraft Corporation of China, Ltd. (COMAC) for an additional 100 C919 planes, marking the largest single order for the China-developed large passenger aircraft.
According to the plan, the new C919 aircraft purchased by the airline company will be delivered in batches from 2024 to 2031.
Photo: This photo taken on May 28, 2023 shows a C919, China’s self-developed large passenger aircraft, getting ready for its first commercial flight in east China’s Shanghai. (Xinhua/Ding Ting)