Connect with us

Media

ဆီးရီးယားနိုင်ငံက တရုတ်တစ်နိုင်ငံတည်း မူဝါဒအား ထောက်ခံကြောင်း အဆင့်မြင့်အရာရှိ ပြောကြား

ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံက တရုတ်တစ်နိုင်ငံတည်း မူဝါဒအား ထောက်ခံကြောင်းနှင့် ၎င်းတို့၏ အချုပ်အခြာအာဏာကို ကာကွယ်ရန် တရုတ်နိုင်ငံ၏ အခွင့်အရေးအား အသိအမှတ်ပြုကြောင်း ပြောကြားခဲ့သည်။

ဆီးရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Bassam Sabbagh က စက်တင်ဘာ ၂၆ ရက်က ပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ အထွေထွေဆွေးနွေးပွဲ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

“ဆီးရီးယားနိုင်ငံက တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံပါတယ်။ ပြည်တွင်းရေးမှာ ပြည်ပဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းမှုတွေကို ရင်ဆိုင်တဲ့နေရာမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ရပ်တည်ချက်ကို ထောက်ခံပါတယ်။ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ ဆုံးဖြတ်ထားတဲ့ မည်သို့သော အစီအမံတွေနဲ့ လုပ်ဆောင်မှုတွေကိုမဆို တရုတ်နိုင်ငံရဲ့ မူလအခွင့်အရေးကို အလေးထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

…………………………………
(English Version)
Syria supports one-China principle: senior official
Syria supports the one-China principle and recognizes China’s right to defend its sovereignty.
This is according to Syrian Vice Foreign Minister Bassam Sabbagh in his speech at the General Debate of the UN General Assembly on Tuesday.
SOUNDBITE (Arabic): BASSAM SABBAGH, Syrian vice foreign minister
“Syria supports the one-China principle; it supports the positions of the People’s Republic of China in confronting attempts of external interference in its internal affairs; it stresses China’s inalienable right to take whatever measures and steps it decides to defend its sovereignty.”
Xinhua News Agency correspondents reporting from UN Headquarters.(XHTV)