Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော အဝေးပြေးလမ်းက ခရီးသွားများအတွက် အချိန်နှင့် ငွေကြေး သက်သာစေဟုဆို

ကမ္ဘောဒီးယားနိုင်ငံ Preah Sihanouk ပြည်နယ်ရှိ Phnom Penh-Sihanoukville (PPSHV) အဝေးပြေးလမ်းကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- PPSHV Expressway/Handout via Xinhua)

ဖနွမ်းပင်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်နှင့် နိုင်ငံတကာ ပင်လယ်နက်ဆိပ်ကမ်းပြည်နယ် Preah Sihanouk ကို ချိတ်ဆက်ထားသော ပထမဆုံး တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် ဖနွမ်းပင်- Sihanoukville အဝေးပြေးလမ်းသည် သယ်ယူပို့ဆောင်ရေးကိုသာ အဆင်ပြေချောမွေ့စေသည်သာမက ခရီးသွားများအတွက် အချိန်နှင့် ငွေကြေးအတွက်လည်းပဲ သက်သာစေကြောင်း သိရသည်။

တရုတ်နိုင်ငံ လမ်းနှင့် လမ်းတံတားကော်ပိုရေးရှင်း (CRBC) မှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံဖြင့် ရင်းနှီးမြှုပ်နှံထားပြီး အရှည် ၁၈၇ ကီလိုမီတာရှိသော အဝေးပြေးလမ်းကို အချိန် ၃ နှစ်ကျော်ကြာ တည်ဆောက်ပြီးနောက် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် အများပြည်သူများ ဖြတ်သန်းသွားလာရန် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဝေးပြေးလမ်းဖြတ်သန်းရေးစခန်း၌ ကြီးကြပ်သူ၊ အသက် ၂၉ နှစ်အရွယ် Sareth Sreypich က အဝေးပြေးလမ်းသည် ပြည်သူများအား ခရီးလာမှု မြန်ဆန်၊ လွယ်ကူစေကြောင်း ပြောကြားခဲ့သည်။

“ဒီအဝေးပြေးလမ်းကြီး ဖွင့်ပြီးကတည်းက ယာဉ်မောင်းတွေအားလုံးကတော့ ခရီးသွားရတာ လွယ်ကူသွားတယ်လို့ အမြဲပြောကြတယ်။ ငွေရော ခရီးသွားရတဲ့ကြာမြင့်ချိန်ရော သက်သာသွားတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
ယခုအခါ ဖနွမ်းပင်မြို့မှ Sihanoukville မြို့သို့ မိသားစုစီးကားများကဲ့သို့ ကားငယ်များဖြင့် ခရီးသွားပါက အမေရိကန်ဒေါ်လာ ၁၁.၉၇ ဒေါ်လာသာ ကျသင့်မည်ဟု Sreypich က ဆိုသည်။
အဆိုပါ အဝေးပြေးလမ်းသည် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) မူဘောင်အရ ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံကြား အနီးကပ်ပူးပေါင်းဆောင်ရွက်မှု၏ အသီးအပွင့်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Penn Sovicheat က ပြောခဲ့သည်။

“ဒီအဝေးပြေးလမ်းက ကမ္ဘောဒီးယားနိုင်ငံရဲ့ မြို့တော်နဲ့ အကြီးဆုံးဆိပ်ကမ်းမြို့ကို ချိတ်ဆက်ပေးထားတဲ့အတွက် နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ပံ့ပိုးမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Chinese-invested expressway in Cambodia saves time, money for travelers
PHNOM PENH, Sept. 6 (Xinhua) — Connecting Phnom Penh, capital of Cambodia, with the international deep-water seaport province of Preah Sihanouk, the first Chinese-invested Phnom Penh-Sihanoukville Expressway has not only facilitated transportation, but also saved both time and money for travellers.
Invested by the China Road and Bridge Corporation (CRBC) with 2 billion U.S. dollars, the 187-km freeway was opened to the public on Oct. 1, 2022 after more than three years of construction.
Sareth Sreypich, a 29-year-old supervisor at the Expressway’s toll station, said the Expressway enables people to travel fast and easily.
“All drivers always say that since there is the Expressway, their travel is easy. It saves them money and reduces the travel time,” she added.
Sreypich said traveling in smaller cars such as family cars from Phnom Penh to Sihanoukville now costs 11.97 U.S. dollars only.
Cambodian Ministry of Commerce’s Secretary of State Penn Sovicheat said the Expressway is the fruit of close cooperation between Cambodia and China under the framework of the Belt and Road Initiative (BRI).
“It plays a crucial role in helping boost Cambodia’s economic growth and tourism as it links the capital city to the country’s largest seaport,” he added.
Photo: This aerial photo taken on Oct. 28, 2022 shows the Phnom Penh-Sihanoukville (PPSHV) Expressway in Preah Sihanouk Province, Cambodia. (PPSHV Expressway/Handout via Xinhua)