Connect with us

China

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ၂၆ ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ကျင်းပသော ၂၆ ကြိမ်မြောက် တရုတ်-အာဆီယံ (10+1) ခေါင်းဆောင်များအစည်းအဝေးသို့ တရုတ်နိုင်ငံ နိုင်ငံတော်ကော်စီ ဝန်ကြီးချုပ် လီချန် တက်ရောက်၍ စုပေါင်းအမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ် (ဆင်ဟွာ)

ဂျကာတာ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပသော ၂၆ ကြိမ်မြောက် တရုတ်-အာဆီယံ (10+1) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

အဆိုပါအစည်းအဝေးကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒို၊ လာအိုနိုင်ငံ ဝန်ကြီးချုပ် ဆုံဆိုင်းဆီဖန်ဒုံ ၊ ဘရူနိုင်းနိုင်ငံ ဘုရင် စူလ်တန် ဟာဆန် နယ်ဘော်လ်ကိတ်၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်၊ ဖိလစ်ပိုင်နိုင်ငံ သမ္မတ ဖာဒီနန် မားကို့စ်၊ စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်း၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ပန်မင်းချင်း၊ ထိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာရန်၊ လေ့လာသူအဖြစ် အရှေ့တီမောနိုင်ငံဝန်ကြီးချုပ် Xanana Gusmão ၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn တို့ တက်ရောက်ခဲ့ကြသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၆ ရက် နံနက်ပိုင်းတွင် ကျင်းပသော ၂၆ ကြိမ်မြောက် တရုတ်-အာဆီယံ (10+1) ခေါင်းဆောင်များအစည်းအဝေးသို့ တရုတ်နိုင်ငံ နိုင်ငံတော်ကော်စီ ဝန်ကြီးချုပ် လီချန် တက်ရောက်စဉ် (ဆင်ဟွာ)

အစည်းအဝေးတွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ၂၀၁၃ ခုနှစ်တွင် သမ္မတ ရှီကျင့်ဖိန်သည် ပို၍နီးကပ်သည့် တရုတ်-အာဆီယံ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရန် အင်ဒိုနီးရှားနိုင်ငံတွင် အဆိုပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ ၁၀ နှစ်ကြာကာလတွင် တရုတ်နိုင်ငံနှင့် အာဆီယံသည် စိတ်ရင်းစေတနာအမှန်ဖြင့် ဆက်ဆံခြင်း၊ အပြန်အလှန်ဖေးမကူညီခြင်း၊ အပြန်အလှန်အကျိုးဖြစ်ထွန်းစေခြင်း၊ ညှိနှိုင်းမှုနှင့်အားလုံးပါဝင်မှုရှိခြင်း၊ လက်ချင်းချိတ်ဆက်၍ ရှေ့သို့အတူ လျှောက်လှမ်းခြင်း၊ အပြန်အလှန် အောင်မြင်မှုရှိစေခြင်းများကြောင့် ကမ္ဘာ့နှစ်တစ်ရာ အပြောင်းအလဲများကြားတွင် ရေရှည် ချစ်ကြည် သင့်မြတ်သော အိမ်နီးချင်းဆက်ဆံရေး၊ ဘုံဖွံ့ဖြိုးတိုးတက်ရေး ဟူသော မှန်ကန်သည့်လမ်းကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ပို၍နီးကပ်သည့် တရုတ်-အာဆီယံ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် လီချန်က အကြံပြုချက် ၄ ရပ်ကို ပြောကြားခဲ့ရာတွင်-

ပထမအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဗဟိုကို လက်တွဲအတူ တည်ဆောက်သွားရမည်ဖြစ်ပြီး အပြန်အလှန်ချိတ်ဆက်မှုကို အားကောင်းအောင်၊ စက်မှုလုပ်ငန်းကွင်းဆက်၊ ပံ့ပိုးမှုကွင်းဆက် ပူးပေါင်းဆောင်ရွက်ရေးကို နက်ရှိုင်းအောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊

ဒုတိယအနေဖြင့် ထွန်းသစ်စ စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများကို လက်တွဲအတူ တွန်းအားပေး ရမည်ဖြစ်ပြီး စွမ်းအင်သစ်မော်တော်ယာဉ်၊ နေရောင်ခြည်စွမ်းအင်၊ ဉာဏ်ရည်တု စသည့် ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရမည် ဖြစ်ကြောင်း၊

တတိယအနေဖြင့် ဒေသ တည်ငြိမ်အေးချမ်းရေးကို လက်တွဲအတူ ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ပြီး “တောင်တရုတ်ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက်” ဆွေးနွေးမှုများကို တက်ကြွစွာ တွန်းအားပေး၍ ဆက်သွယ်ရေး အွန်လိုင်း လိမ်ညာမှု တိုက်ဖျက်ရေး စသည့် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊

စတုတ္ထအနေဖြင့် လူမှုယဉ်ကျေးမှု ဖလှယ်ရေးကို လက်တွဲအတူ တိုးချဲ့ ဆောင်ရွက်သွားရမည် ဖြစ်ပြီး ယဉ်ကျေးမှု၊ ခရီးသွား ၊ မွမ်းမံသင်တန်း၊ လူငယ်ရေးရာ စသည့် ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး အားဖြည့်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးသို့ တက်ရောက်ကြသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်များက ဝန်ကြီးချုပ် လီချန်အား လှိုက်လှဲစွာ ကြိုဆိုခဲ့ကြသလို အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်မှုတွင် ရလဒ်ကောင်းများရရှိခဲ့သည့်အပေါ် အထူးချီးကျူးခဲ့ပြီး အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးသည် ဒေသတွင်း ပြည်သူများအတွက် ကြီးမားသော အကျိုးကို ဆောင်ကြဉ်းပေးခဲ့ရာ ဒေသတွင်း တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အပြန်အလှန် ယုံကြည်မှုကို တစ်ဆင့်တိုး ဆောင်ရွက်သွားလိုကြောင်း၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အဆိုပြုချက် ချိတ်ဆက်မှုများကို မြှင့်တင်ပြီး လယ်ယာစိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ သိပ္ပံနှင့်နည်းပညာ၊ ပညာရေး၊ ယဉ်ကျေးမှု စသည့် ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆောင်ရွက်သွားလိုကြောင်း၊ ဥတုရာသီပြောင်းလဲမှုစသည့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို လက်တွဲအတူ ရင်ဆိုင်သွားလိုကြောင်း ၊ “တောင်တရုတ်ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက်” ရေးဆွဲရာတွင် တိုးတက်မှုများ ရရှိခဲ့သည့်အပေါ် အာဆီယံအဖွဲ့ဝင် နိုင်ငံများက ကြိုဆိုကြောင်း၊ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်ရေးဇုန် အဆင့်မြှင့်တင်မှု ဆွေးနွေးခြင်းများ ဆောလျင်စွာ ပြီးမြောက်နိုင်ရန် မျှော်လင့်ကြောင်း၊ ၂၀ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို အတူကောင်းမွန်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အခွင့်အလမ်းများကို အတူဆုပ်ကိုင်သွားမည် ဖြစ်သလို စိန်ခေါ်မှုများကို ရင်ဆိုင်၍ အာဆီယံ-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………..
(Chinese Version)
李强出席第26次中国-东盟领导人会议
新华社雅加达9月6日电(记者余谦梁 孔张艳)当地时间9月6日上午,国务院总理李强在印度尼西亚雅加达出席第26次中国-东盟(10+1)领导人会议。东盟轮值主席国印尼总统佐科、老挝总理宋赛、文莱苏丹哈桑纳尔、柬埔寨首相洪玛奈、马来西亚总理安瓦尔、菲律宾总统马科斯、新加坡总理李显龙、越南总理范明政、泰国外交部次长萨兰、东盟观察员东帝汶总理夏纳纳与会。东盟秘书长高金洪出席。
李强表示,2013年习近平主席在印尼提出建设更为紧密的中国-东盟命运共同体。10年来,中国与东盟坚持真诚相待、守望相助、互利互惠、协调包容,携手前行、相互成就,在世界百年变局中成功走出一条长期睦邻友好、共同发展繁荣的正确道路。
李强就构建更为紧密的中国-东盟命运共同体提出四点建议:一是携手打造经济增长中心,加强互联互通,深化产业链供应链合作。二是携手推进新兴产业合作,加强新能源汽车、光伏、人工智能等领域合作。三是携手维护地区和平安宁,积极推进“南海行为准则”案文磋商,开展打击电信网络诈骗等合作。四是携手扩大人文交流,进一步加强文化、旅游、培训、青年等领域合作。
与会东盟国家领导人热烈欢迎李强总理与会,高度评价东盟和中国合作取得的成果,表示东盟中国全面战略伙伴关系为地区人民带来巨大福祉,促进了地区和平发展稳定。东盟国家愿同中方进一步增进互信,加强同“一带一路”倡议对接,深化农业、贸易、投资、数字经济、科技、教育、文化等领域合作,携手应对气候变化等全球性挑战。东盟国家欢迎在制定“南海行为准则”方面取得进展,期待尽早完成东盟中国自贸区升级谈判,共同办好第20届中国-东盟博览会,愿同中方一道把握机遇,应对挑战,打造东盟-中国命运共同体。
1. 当地时间9月6日上午,国务院总理李强在印度尼西亚雅加达出席第26次中国-东盟(10+1)领导人会议。这是会前集体合影。新华社记者 刘彬 摄
2. 当地时间9月6日上午,国务院总理李强在印度尼西亚雅加达出席第26次中国-东盟(10+1)领导人会议。