Connect with us

International Organizations

တရုတ်နိုင်ငံက ဂါဇာဒေသတွင်း အပစ်အခတ်ရပ်စဲရေး တောင်းဆို

ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်း Maghazi ဒုက္ခသည်စခန်းတွင် အစ္စရေးလေကြောင်းတိုက်ခိုက်ပြီးနောက် ပျက်စီးနေသော အဆောက်အအုံများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဂါဇာဒေသတွင် အပစ်အခတ်ရပ်စဲရေးနှင့် ယင်းဒေသတွင် ဖြစ်ပွားနေသော ကျန်းမာရေးအကျပ်အတည်းကို တုံ့ပြန်ရေးအတွက် ဒီဇင်ဘာ ၁၀ ရက်၌ တိုက်တွန်းခဲ့ပြီး ထိုအကျပ်အတည်း၏ အခြေခံမှာ နှစ်နိုင်ငံဖြေရှင်းခြင်းနည်းလမ်းတွင် ရှိကြောင်း အလေးထားပြောကြားခဲ့သည်။

ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ တရုတ်မစ်ရှင်ရုံး အကြီးအကဲ Chen Xu က အပစ်အခတ်ရပ်စဲရေးနှင့် အကြမ်းဖက်မှု အဆုံးသတ်ရေး၏ အရေးကြီးမှုကို အလေးထားပြောကြားခဲ့သည်။ ပါလက်စတိုင်းထိန်းချုပ်နယ်မြေရှိ ကျန်းမာရေးအခြေအနေနှင့် စပ်လျဉ်း၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အမှုဆောင်အဖွဲ့က ကြီးမှူးကျင်းပသော အထူးအစည်းအဝေးတွင် Chen Xu က အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် ဂါဇာကမ်းမြောင်ဒေသတွင် အသစ်ဖြစ်ပွားနေသော အကြမ်းဖက်မှုအပေါ် ကြီးမားစွာ စိုးရိမ်ပူပန်မိကြောင်း၊ တည်ငြိမ်မှု ရရှိရန်၊ ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းများ ပံ့ပိုးပေးရန်နှင့် ပြည်သူများအား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပေးအပ်နိုင်ရန် ဆက်စပ်အဖွဲ့အစည်းများကို တိုက်တွန်းကြောင်း Chen က ဆိုသည်။
ထို့ပြင် တရုတ်နိုင်ငံက နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် ပါလက်စတိုင်း-အစ္စရေးကိစ္စရပ်နှင့် ဆက်စပ်နေသော လွှမ်းမိုးမှုရှိသည့် နိုင်ငံများအနေဖြင့် ဘက်စုံ တည်တံ့သည့် အပစ်အခတ်ရပ်စဲရေး မြှင့်တင်ခြင်း၊ အရပ်သားများ၏ အသက်ရှင်သန်နေထိုင်ရေးနှင့် ကျန်းမာရေးကို ကာကွယ်ပေးခြင်းတွင် တာဝန်ယူမှုရှိသော အခန်းကဏ္ဍမှ ပါဝင်ရန် ၎င်းက ပြောကြားခဲ့သည်။

ကျန်းမာရေးအကျပ်အတည်းကို ဖြေရှင်းရန် အထူးအရေးကြီးကြောင်း၊ ဆက်စပ်အဖွဲ့အစည်းများ အားလုံးအနေဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ၏ ဘေးကင်းရေး သေချာစေရန် အားထုတ်ကြိုးပမ်းသင့်ကြောင်း သံအမတ်ကြီးက ဖြည့်စွက်ပြောခဲ့သည်။ ၎င်းတို့အနေဖြင့် ဂါဇာဒေသတွင် အရေးပေါ်လိုအပ်နေသော ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ အသုံးအဆောင်များ ပံ့ပိုးခြင်းနှင့် ဒဏ်ရာရသူများကို ကုသခြင်းနှင့် လွှဲပြောင်းခြင်းများတွင်လည်း WHO နှင့် အခြား လူသားချင်းစာနာထောက်ထားမှု အေဂျင်စီများကို ထောက်ခံအားပေးသင့်ကြောင်း ၎င်းက ဆိုသည်။

ပါလက်စတိုင်းအား ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံ ပြန်လည်တည်ဆောက်ရေးနှင့် ပြည်သူ့ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးပေးရန် မရှိမဖြစ် လိုအပ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။
နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်းသည် လက်ရှိ အကျပ်အတည်းကို ဖြေရှင်းမည့် အခြေခံကျသော နည်းလမ်းဖြစ်ကြောင်း Chen က အလေးထားပြောခဲ့သည်။ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးမှုများကိုလည်း အဆောတလျင် ပြန်လည်စတင်ရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်းကို အခိုင်အမာ အပြည့်အဝ ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ပါလက်စတိုင်းပြည်သူများအတွက် နိုင်ငံပိုင်ဆိုင်ခွင့်၊ အတူယှဉ်တွဲနေထိုင်ခွင့်နှင့် နေရပ်ပြန်ခွင့်တို့ကို ဆောလျင်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အဆိုပါ သံတမန်က ဖြည့်စွက်ပြောခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ပဋိပက္ခစတင်ဖြစ်ပွားချိန်မှစ၍ ပါလက်စတိုင်းနှင့် ကုလသမဂ္ဂသို့ နယ်ပယ်စုံမှတစ်ဆင့် ငွေကြေးအကူအညီများ ကူညီပံ့ပိုးပေးခဲ့ကြောင်း၊ ဂါဇာကမ်းမြောင်ဒေသသို့ အစားအစာနှင့် ဆေးဝါးအကူအညီများ ပေးအပ်ခဲ့ကြောင်း၊ ဂါဇာဒေသရှိ ပြည်သူများ၏ လိုအပ်ချက်အရ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဆက်လက်ပေးအပ်လျက်ရှိကြောင်း Chen က ပြောခဲ့သည်။

………………………………
(English Version)
China calls for ceasefire in Gaza
GENEVA, Dec. 10 (Xinhua) — China on Sunday called for a truce in Gaza and a response to the health crisis unfolding there, stressing that the fundamental way out of this conflict lies in the two-state solution.
Chen Xu, head of the Chinese Mission to the United Nations (UN) Office in Geneva, emphasized the urgency of delivering a ceasefire and bringing an end to violence. He made the remark at a special session organized by the World Health Organization (WHO) Executive Board on the health situation in the occupied Palestinian territory.
China, gravely concerned about the renewed violence in the Gaza Strip, calls on concerned parties to exercise restraint, provide opportunities for peace and grant people peace and stability, Chen said.
China calls on the international community, particularly influential countries concerning the Palestine-Israel issue, to play a responsible role in promoting a comprehensive and lasting ceasefire, protecting civilians’ rights to subsistence and health, he said.
The ambassador added that it is of paramount importance to resolve the health crisis, saying all parties should spare no effort to ensure the safety of medical personnel and health facilities. They should support the WHO and other humanitarian agencies in providing urgently needed medicine and medical equipment in Gaza, and in treating and transferring the injured.
He said it is necessary to support Palestine in rebuilding medical infrastructure and the development of its public health.
Chen stressed that the two-state solution is the fundamental way out of the present crisis. The Israeli-Palestinian peace talks should be promptly restarted, the two-state solution should be concretely and fully delivered, and the rights of the Palestinian people to statehood, to existence and to return should be realized as soon as possible, the diplomat added.
China has provided assistance in cash through various channels to Palestine and UN agencies since this round of conflict, and has offered food and medicine supplies to the Gaza Strip. China will continue to provide emergency humanitarian assistance according to the needs of the people in Gaza, Chen said.
Photo: This photo taken on Dec. 10, 2023 shows damaged buildings after an Israeli airstrike in Maghazi refugee camp, central Gaza Strip. (Xinhua)