Connect with us

China

တရုတ်နိုင်ငံက “အခက်ခဲဆုံး” ကုသမဂ္ဂရာသီဥတုညီလာခံ၏ အောင်မြင်မှုမြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုအားလုံး ဆောင်ရွက်လျက်ရှိ

အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းမြို့တွင် COP28 ရာသီဥတုညီလာခံ၊ တရုတ်နိုင်ငံပြခန်း၌ အခမ်းအနားတစ်ခုတွင် စကားပြောကြားနေသော ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တရုတ်နိုင်ငံ အထူးသံတမန် Xie Zhenhua ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒူဘိုင်း၊ ဒီဇင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အားလုံးလက်ခံနိုင်သော ဖြေရှင်းနည်းကို ရှာဖွေရန်နှင့် မကြာသေးမီနှစ်များအတွင်း “အခက်ခဲဆုံး” ရာသီဥတုညီလာခံအဖြစ် ထည့်သွင်းစဉ်းစားခဲ့သော COP28 ၏ အောင်မြင်မှုကို မြှင့်တင်ရန် ဆက်စပ်နိုင်ငံတိုင်းနှင့် ဆွေးနွေးလျက်ရှိကြောင်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ တရုတ်နိုင်ငံ အထူးသံတမန်က ပြောကြားခဲ့သည်။

အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းမြို့တွင် ၂၈ ကြိမ်မြောက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂ မူဘောင်ကွန်ဗင်းရှင်း (COP28) ဆက်စပ်နိုင်ငံများကွန်ဖရင့်၏ အစိမ်းရောင်ဇုန်ရှိ တရုတ်နိုင်ငံပြခန်းရှေ့တွင် အမှတ်တရဓာတ်ပုံရိုက်ကူးနေသူများကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“ရာသီဥတုဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတွေမှာ ကျွန်တော် ပါဝင်လာခဲ့တာ ၁၆ နှစ်ရှိပါပြီ။ ဒီနှစ် ကွန်ဖရင့်ကတော့ အခက်ခဲဆုံးပါပဲ” ဟု အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းမြို့တွင် ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲ၌ တရုတ် အထူးသံတမန် Xie Zhenhua က ပြောခဲ့သည်။

နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အထိ ကျင်းပနေသော COP28 သို့မဟုတ် ၂၈ ကြိမ်မြောက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂ မူဘောင်ကွန်ဗင်းရှင်း ဆက်စပ်နိုင်ငံများကွန်ဖရင့်တွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တရုတ်နိုင်ငံသည် ပဲရစ်သဘောတူညီချက် စိတ်ဓာတ်နှင့်အညီ သဘောတူညီချက်တစ်ရပ် ဖော်ထုတ်ရေး၊ စွမ်းအင်အသွင်ကူးပြောင်းမှု အထွေထွေလမ်းကြောင်းကို သက်ရောက်မှုရှိစေရန် အဓိကနိုင်ငံများအားလုံးနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိပြီး ယင်းမှာ အနာဂတ်ကြိုးပမ်းအားထုတ်မှုများ၏ မှန်ကန်သောဦးတည်ချက်အား ထောက်ပြနိုင်မည်ဖြစ်သလို ကြီးကျယ်အခမ်းအနားဆုံး အားလုံးပါဝင်မှုကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း Xie က ပြောခဲ့သည်။

ထို့ပြင် ရာသီဥတုပြောင်းလဲမှုအပေါ် ကိုင်တွယ်ရေးအတွက် ၎င်းတို့၏ စွမ်းဆောင်နိုင်မှုကို မြှင့်တင်ရေးအတွက် ဖွံ့ဖြိုးဆဲနိုင်ငံများအား အထောက်အကူပြုရန် တရုတ်နိုင်ငံသည် ပူးပေါင်းဆောင်ရွက်မှုပုံစံအမျိုးမျိုး အထူးသဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုပုံစံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ အစိမ်းရောင် ပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Xie က ဖြည့်စွက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အနာဂတ်တွင် ကမ္ဘာ့တောင်ဘက်ခြမ်း ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု အားကောင်းရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်အတူ ငွေကြေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ (Xinhua)

………………………………
(English Version)
(COP28) China making all efforts to promote success of “most difficult” UN climate conference: special envoy
DUBAI, Dec. 10 (Xinhua) — China is talking with every relevant party to find a solution acceptable to all and promote the success of COP28, which is considered the “most difficult” climate conference in recent years, the country’s special envoy for climate change has said.
“I have participated in climate negotiations for 16 years. The most difficult one is this conference,” Xie Zhenhua, the special envoy, told a press conference held in UAE’s Dubai on Saturday evening.
He was speaking of COP28, or the 28th meeting of the Conference of the Parties to the United Nations Framework Convention on Climate Change, which runs from Nov. 30 to Dec. 12.
At present, China is in intensive consultations with all major parties to find an agreement that is in line with the spirit of the Paris Agreement, reflects the general trend of energy transformation, and can point out the correct direction of future efforts as well as embodies the greatest inclusiveness, Xie said.
Xie added that to help developing countries improve their ability to cope with climate change, China had carried out various forms of cooperation, mainly in the form of South-South cooperation and under the framework of green Belt and Road cooperation.
In the future, China will continue to strengthen South-South cooperation and enhance financial and technological cooperation with developing countries, he said.
Photo 1: China’s special envoy for climate change Xie Zhenhua speaks at a side event held at the China Pavilion of the COP28 climate conference in Dubai, the United Arab Emirates, Dec. 8, 2023. (Xinhua/Wang Dongzhen)
Photo 2: Visitors pose for photos in front of the China’s pavilion at the Green Zone of the 28th session of the Conference of the Parties to the United Nations Framework Convention on Climate Change (COP28), in Dubai, the United Arab Emirates, Dec. 3, 2023. (Xinhua/Wang Dongzhen)