Connect with us

China

တရုတ်ထိပ်တန်းသံတမန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံတမန်များ တွေ့ဆုံ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ရာထူးမှနုတ်ထွက်သွားသော တရုတ်နိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး Khek Caimealy Sysoda တို့ တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံများမှ သံတမန်များနှင့် ပေကျင်းမြို့တွင် ဒီဇင်ဘာ ၁၅ ရက်က တွေ့ဆုံခဲ့ပြီး ပိုမိုနီးကပ်သော တရုတ်နှင့် အာဆီယံ အေးအတူ ပူအမျှ အသိုက်အဝန်းအတွက် တိုက်တွန်းခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော ၁၀ နှစ်တာကာလအတွင်း တရုတ်-အာဆီယံ အေးအတူ ပူအမျှ အသိုက်အဝန်းသည် ပို၍နီးကပ်လာခဲ့ကြောင်း၊ နှစ်ဘက်အနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းပ ပူးပေါင်းဆောင်ရွက်မှုတွင် အဓိက အောင်မြင်မှုများ ဆောင်ရွက်နိုင်ခဲ့သလို နှစ်ဘက်ဆက်ဆံရေးတွင် ချစ်ကြည်ရင်းနှီးခြင်း၊ စိတ်ရင်းစေတနာမှန်ကန်ခြင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းစေခြင်းနှင့် အားလုံးလက်ခံပါဝင်မှုရှိခြင်း သဘောထားကို တက်ကြွစွာပါဝင်လျက်ရှိကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ပြောခဲ့သည်။

အာဆီယံ၏ အကြီးဆုံးအိမ်နီးချင်းဖြစ်သည့်အားလျော်စွာ တရုတ်နိုင်ငံအနေဖြင့် အာဆီယံ၏ ခေတ်မီအသွင်ကူးပြောင်းမှုကို ပူးတွဲအဆင့်မြှင့်တင်ရန် အာဆီယံ၏ ယုံကြည်စိတ်ချရသော၊ ယုံကြည်အားထားရသော ကာလရှည် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်အဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ အာဆီယံ၏ ပါဝင်မှု အခန်းကဏ္ဍကို တရုတ်နိုင်ငံမှ ထောက်ခံလျက်ရှိသလို မြန်မာနိုင်ငံအရေး ကောင်းမွန်စွာအဖြေရှာမှု မြှင့်တင်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ဆောင်ရွက်လိုကြောင်း ဝမ်က ပြောခဲ့သည်။

ထို့နောက် တရုတ်နိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွက် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေး ရရှိစေရန် ကြီးမားသော အခွင့်အလမ်းများ ပေးအပ်လျက်ရှိကြောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံတမန်များက ပြောကြားခဲ့သည်။

ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အဆင့်သစ်မြှင့်တင်ရေး၊ ပိုမိုတောက်ပ၍ ရေရှည်တည်တံ့သော အနာဂတ် အာဆီယံ-တရုတ် ဆက်ဆံရေးတည်ဆောက်ရေးနှင့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရေး ဆောင်ရွက်ရန် အသင့်ရှိကြောင်း သံတမန်များက ဖြည့်စွက်ပြောခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ တရုတ်နိုင်ငံဆိုင်ရာ အရှေ့တီမောနိုင်ငံ သံအမတ်ကြီးလည်း တက်ရောက်ခဲ့သည်။
ထို့ပြင် ဝမ်သည် ရာထူးမှနုတ်ထွက်သွားသော တရုတ်နိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ် Khek Caimealy Sysoda နှင့်လည်း ပေကျင်းမြို့တွင် ဒီဇင်ဘာ ၁၅ ရက်က သီးခြားတွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Top Chinese diplomat meets diplomatic envoys from ASEAN countries
BEIJING, Dec. 15 (Xinhua) — Chinese Foreign Minister Wang Yi met with diplomatic envoys from the Association of Southeast Asian Nations (ASEAN) countries in Beijing on Friday, calling for a closer community with a shared future for China and ASEAN.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, said that over the past 10 years, the China-ASEAN community of shared future has become increasingly close. The two sides have made major achievements in the Belt and Road cooperation, and actively practiced the concept of amity, sincerity, mutual benefit and inclusiveness in bilateral relations.
As the biggest neighbor of ASEAN, China will continue to be ASEAN’s trustworthy and reliable long-term comprehensive strategic cooperative partner to jointly advance Asia’s modernization, he said.
China supports ASEAN in playing its due role on the Myanmar issue and is willing to work with ASEAN countries to promote the proper settlement of the Myanmar issue, he said.
Diplomatic envoys of the ASEAN countries said that China has provided great opportunities for ASEAN countries to achieve peace, development and prosperity.
ASEAN countries are ready to take the ASEAN-China comprehensive strategic partnership to a new level, build a brighter and more sustainable future for ASEAN-China relations, and contribute to regional peace and development, the envoys added.
The Ambassador of Timor-Leste to China attended the meeting.
Wang also met with the outgoing Cambodian Ambassador to China Khek Caimealy Sysoda separately in Beijing on Friday.
Photo: Chinese Foreign Minister Wang Yi, a member of the Political Bureau of the Communist Party of China Central Committee, meets with outgoing Cambodian Ambassador to China Khek Caimealy Sysoda in Beijing, capital of China, Dec. 15, 2023. (Xinhua/Liu Bin)