Connect with us

China

တရုတ်နိုင်ငံ၏ လျှပ်စစ်ယာဉ်အားသွင်းတိုင်နေရာများ နိုဝင်ဘာလအတွင်း တိုးတက်လာ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်ရှိ ကွမ်ကျိုး-ဆန်းကျန့် အဝေးပြေးလမ်းတစ်လျှောက်ရှိ အားသွင်းနေရာ၌ စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်တစ်စီးကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် နိုဝင်ဘာလအတွင်း လျှပ်စစ်ယာဉ်များအတွက် အားသွင်းတိုင်နေရာအရေအတွက်မှာ ယမန်နှစ် အလားတူကာလထက် ၅၁.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တရုတ် လျှပ်စစ်ယာဉ်အားသွင်းနေရာ အခြေခံအဆောက်အအုံမြှင့်တင်မှုမိတ်ဖက်ကုမ္ပဏီ၏ အချက်အလက်များအရ သိရသည်။
နိုဝင်ဘာလတွင် အားသွင်းတိုင်နေရာ အရေအတွက်မှာ ယခင်လကထက် ၁၀၁,၀၀၀ ခု မြင့်တက်ခဲ့ကြောင်း ကုမ္ပဏီက ဆိုသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအထိ လစဉ် အများပြည်သူဆိုင်ရာ အားသွင်းတိုင်နေရာအသစ် အရေအတွက် ပျမ်းမျှ ၇၅,၀၀၀ ခန့် ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် မကြာသေးမီနှစ်များအတွင်း လျှပ်စစ်ယာဉ်များအတွက် အားသွင်းနေရာအဆောက်အအုံများ တိုးချဲ့လျက်ရှိသည်။

ပြည်တွင်းဈေးကွက်တွင် တရုတ်နိုင်ငံ၏ စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ် ရောင်းချမှုမှာ ယခုနှစ် ပထမ ၁၁ လအတွင်း အစီးရေ ၇.၂၁ သန်း ရှိခဲ့ပြီး ယမန်နှစ် အလားတူကာလထက် ၃၁.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရုတ်နိုင်ငံ မော်တော်ကားထုတ်လုပ်သူများအသင်း၏ အချက်အလက်များ၌ ဖော်ပြထားသည်။ (Xinhua)

………………………………
(English Version)
China’s EV charging piles see robust growth in November
BEIJING, Dec. 16 (Xinhua) — China saw a year-on-year 51.7-percent growth in the number of charging piles for electric vehicles in November, according to data from the China Electric Vehicle Charging Infrastructure Promotion Alliance.
The number of charging piles rose by 101,000 in November from the previous month, the alliance said.
About 75,000 new public charging piles were added every month on average from December 2022 to November 2023.
China has been expanding charging facilities for electric vehicles in recent years.
Sales of the country’s new-energy vehicles at the home market jumped 31.7 percent year on year to 7.21 million units in the first 11 months of the year, data from the China Association of Automobile Manufacturers showed.
Photo: A new energy vehicle is seen charging at a service area along the Guangzhou-Shenzhen expressway in south China’s Guangdong Province, Oct. 27, 2022. (Xinhua/Li Jiale)