Connect with us

Media

အိန္ဒိယ ဒေသန္တရအစိုးရက ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးအတွက် ရဟတ်ယာဉ်များ တောင်းခံထား

နယူးဒေလီ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူးပြည်နယ် ဝန်ကြီးချုပ် M K Stalin က ရေကြီးနစ်မြုပ်နေသည့် နေရာများတွင် ကျန်ရှိနေသည့် ရာနှင့်ချီသော ပြည်သူများကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဒီဇင်ဘာ ၁၉ ရက်က ဗဟိုအစိုးရထံမှ ရဟတ်ယာဉ်များ တောင်းခံခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့်နှစ်ရက်အတွင်း မကြုံစဖူး မိုးရွာသွန်းမှုများကြောင့် တမီလ်နာဒူးပြည်နယ် တောင်ပိုင်းခရိုင် အများအပြားတွင် ပြင်းထန်စွာ သက်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး မြေနိမ့်ပိုင်းနေရာများ၌ ရေကြီးမှုများ ဖြစ်ခဲ့ကာ လမ်းပန်းဆက်သွယ်ရေး အကြီးအကျယ်ထိခိုက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ (Xinhua)

……………………………..
(English Version)
Indian local gov’t seeks more helicopters for relief work to help flood-hit residents
Chief Minister of India’s southern state of Tamil Nadu M K Stalin Tuesday sought more helicopters from the federal government for conducting relief and rescuing operations in the areas reeling under floods, where hundreds remain stranded.
Unprecedented rains over the past two days have severely impacted several southern districts of Tamil Nadu, where water has inundated low-lying areas and severely affected road connectivity, officials said.
Xinhua News Agency correspondents reporting from New Delhi.(XHTV)