Connect with us

China

ရှန်ဟိုင်းတွင် Tesla စက်ရုံသစ်စီမံကိန်းကြီး တရားဝင်စတင်

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ တရုတ် (ရှန်ဟိုင်း) ရှေ့ပြေးလွတ်လပ်သောကုန်သွယ်ရေးဇုန်၏ လျင်ကန်ဧရိယာသစ်ရှိ Tesla Gigafactory စက်ရုံကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် အမေရိကန်ကားထုတ်လုပ်ရေး Tesla Inc. ၏ စက်ရုံသစ်စီမံကိန်းကြီးကို တရားဝင် စတင်ပြီဖြစ်ကြောင်းနှင့် ယင်းစက်ရုံက တစ်နှစ်လျှင် Megapack အခုရေ ၁၀,၀၀၀ ထုတ်လုပ်နိုင်စွမ်းရှိကြောင်း ကုမ္ပဏီက ကြေညာခဲ့သည်။

အဆိုပါ စီမံကိန်းအတွက် မြေအသုံးပြုမှုဆိုင်ရာ လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ရှန်ဟိုင်းမြို့တွင် ဒီဇင်ဘာ ၂၂ ရက် နံနက်ပိုင်းက ကျင်းပခဲ့ပြီး ကုမ္ပဏီက “သမိုင်းဝင်စီမံကိန်း” ဟု ပြောကြားထားမှုကို တရားဝင်စတင်လိုက်သည့် အထိမ်းအမှတ်လည်း ဖြစ်သည်။

Megapack သည် စွမ်းအင်သိုလှောင်မှုနှင့် ပံ့ပိုးမှုပေးသည့် အားကောင်းသောဘက်ထရီတစ်မျိုးဖြစ်ပြီး လျှပ်စစ်ဓာတ်အားလိုင်းကွန်ရက်စနစ် တည်ငြိမ်ရေးနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကို ကာကွယ်ရေးအတွက် အထောက်အကူပြုကြောင်း Tesla ကုမ္ပဏီ ဝက်ဘ်ဆိုက် အချက်အလက်များ၌ ဖော်ပြထားသည်။
တရုတ်နိုင်ငံ (ရှန်ဟိုင်း) ရှေ့ပြေးလွတ်လပ်သောကုန်သွယ်ရေးဇုန် လျင်ကန်ဧရိယာသစ်တွင် တည်ရှိသော အဆိုပါစီမံကိန်းသစ်ကို ၂၀၂၄ ခုနှစ် ပထမသုံးလပတ်၌ မြေပန္နက်ရိုက်ရန်နှင့် စတုတ္ထသုံးလပတ်၌ ထုတ်လုပ်မှုစတင်ရန် လျာထားကြောင်း သိရသည်။

အဆိုပါ စက်ရုံတွင် နှစ်စဉ် Megapack အခုရေ ၁၀,၀၀၀ ကနဦးထုတ်လုပ်မည်ဖြစ်ကာ ယင်းမှာ စွမ်းအင်သိုလှောင်မှုပမာဏ ၄၀ GWh နှင့် ညီမျှကြောင်း၊ ယင်းစက်ရုံမှ ထုတ်ကုန်များကို ကမ္ဘာအနှံ့ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
Tesla ကုမ္ပဏီသည် ရှန်ဟိုင်း Gigafactory စက်ရုံကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလက မြေပန္နက်ရိုက်ခဲ့ပြီး ယင်းစက်ရုံက တရုတ်နိုင်ငံတွင် ပြည်ပကားကုမ္ပဏီများအား အပြည့်အဝကုမ္ပဏီခွဲ တည်ထောင်ခွင့်ပြုလိုက်သော မူဝါဒသစ်မှ အကျိုးကျေးဇူးခံစားရသော ပထမဆုံးလုပ်ငန်းဖြစ်လာခဲ့သည်။ (Xinhua)

………………………………
(English Version)
Tesla’s new mega factory project in Shanghai officially launched
SHANGHAI, Dec. 22 (Xinhua) — U.S. carmaker Tesla Inc. officially launched its new mega factory project that is capable of producing 10,000 Megapacks a year in Shanghai, the company announced.
A signing ceremony for land acquisition of the project was held on Friday morning in Shanghai, marking the official opening of what the company said a “milestone project.”
Megapack is a powerful battery that provides energy storage and support, helping to stabilize the grid and prevent outages, information on Tesla’s website shows.
The new project, located in the Lingang new area of the China (Shanghai) Pilot Free Trade Zone, is scheduled to break ground in the first quarter of 2024 and start production in the fourth quarter.
The factory will initially produce 10,000 Megapack units every year, equal to nearly 40 GWh of energy storage. The products will be sold worldwide.
In January 2019, Tesla broke ground on its Shanghai Gigafactory, becoming the first to benefit from a new policy allowing foreign carmakers to establish wholly owned subsidiaries in China.
Photo: This aerial photo taken on Sept. 26, 2023 shows the Tesla Gigafactory in Lingang new area of the China (Shanghai) Pilot Free Trade Zone in east China’s Shanghai. (Xinhua/Liu Ying)