Connect with us

China

တရုတ်နိုင်ငံ၊ ရှီးဇန့်ဒေသ၌ ပထမဆုံး နှင်းလျှောစီး အပန်းဖြေစခန်း ဖွင့်လှစ်

လားဆ၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)

 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ကျယ်ပြောလှသော ကုန်းမြေ၌ ယခုနှစ် ဆောင်းရာသီ၏ ပထမဆုံးသော နှင်းလျှောစီး အပန်းဖြေစခန်းကို အမြင့် ၄,၅၀၀ မီတာတွင် ဖွင့်လှစ်ခဲ့သည်။
ပြည်နယ် မြို့တော် လားဆ၏ အုပ်ချုပ်မှုအောက်ရှိ Lhalung ကျေးရွာတွင်တည်ရှိသော အဆိုပါ နှင်းလျှောစီးအပန်းဖြေစခန်းသည် လားဆမြို့လယ်မှ ၁၂၀ ကီလိုမီတာသာကွာဝေးကြောင်း သိရသည်။

Tashi Doje အနေဖြင့် ၎င်း၏ စကိတ်စီးလိုသော အိပ်မက်ကို အမှန်တကယ် အကောင်အထည်ဖော်နိုင်ပြီဖြစ်သည်။ ၎င်းသည် လွန်ခဲ့သောနှစ်များစွာ ကတည်းက တရုတ်နိုင်ငံ၊ မြို့တော်ပေကျင်းတွင် ကျောင်းတက်ရင်း စကိတ်စီးရန် သင်ယူခဲ့ပြီး နောက်ပိုင်းတွင် စကိတ်စီးခြင်းကို ရူးသွပ်သည့် စကိတ်ကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။

“ဆောင်းရာသီရောက်တိုင်း စကိတ်စီးရမယ့် အခွင့်အရေးကို တမ်းတမိတယ်။ အခုတော့ ရှီးဇန့်က နေ သွားစရာမလိုဘဲ နှင်းလျှောစီးလို့ရတဲ့အတွက် နောက်ဆုံးတော့ ကျွန်တော် ပျော်နိုင်ပါပြီ။ နှင်းလျှောစီးတာက တိုတောင်းလွန်းတာကြောင့် ကျွန်တော့်အတွက်တော့ ပျော်စရာတွေချည်းပါပဲ”ဟု ၎င်းကဆိုသည်။

အဆိုပါ နှင်းလျှောစီးအပန်းဖြေစခန်းကို ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ပြင်ဆင်ခဲ့ပြီး နိုဝင်ဘာလ ၂၈ ရက်က စမ်းသပ်လည်ပတ်မှု စတင်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် တစ်နေကုန် နှင်းလျှောစီးရန် လာရောက်သူမှာ တစ်နေ့တည်းတွင် အများဆုံး ၃၅၀ ဦးရှိပြီး ယင်းနှင်းလျှောစီး အပန်းဖြေစခန်းသည် နေ့စဉ် အများဆုံး လူ ၃,၀၀၀ ကျော် စကိတ်စီးနိုင်ရန် ဒီဇိုင်းထုတ်ထားကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ နှင်းလျှောစီးအပန်းဖြေစခန်းတွင် အလုပ်လုပ်ကိုင်ကြသူ ၇၀ ဦးခန့်ရှိပြီး ၎င်းတို့အနက် ၉၀ ရာခိုင်နှုန်းမှာ ဒေသခံများဖြစ်ကာ လစဉ်လစာ ယွမ် ၄,၀၀၀ ခန့် (အမေရိကန်ဒေါ်လာ ၅၆၃ ဒေါ်လာခန့်) ရရှိကြကြောင်း သိရသည်။

China Tourism Academy ၏ ထုတ်ပြန်ချက်အရ အဆိုပါ ရေခဲ-ဆီးနှင်း ခရီးသွားလုပ်ငန်းသည် တရုတ်နိုင်ငံ၏ ဆောင်းရာသီခရီးသွားလုပ်ငန်းနှင့် ရေခဲဆီးနှင်းစီးပွားရေးအတွက် အဓိကမောင်းနှင်အား ဖြစ်လာမည်ဖြစ်ပြီး ၎င်း၏စုစုပေါင်းဝင်ငွေမှာ ၂၀၂၅ ခုနှစ်တွင် ယွမ် ၁.၁ ထရီလီယံကျော်အထိ ရှိလာမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………..
(English Version)
China Focus: China’s Xizang opens its first ski resort
LHASA, Jan. 15 (Xinhua) — The vast land of southwest China’s Xizang Autonomous Region celebrated the opening of its first ski resort this snow season, with the resort established at an elevation of 4,500 meters.
Located in Lhalung Village, Maizhokunggar County, under the administration of the regional capital Lhasa, the ski resort is just 120 km away from the Lhasa city center.
Tashi Doje can now finally celebrate his ski dream coming true. He learned to ski while studying in Beijing several years ago and has since become a passionate skier.
“Every winter I yearn for chances to ski. Now I can finally enjoy skiing without having to leave Xizang. It’s just that the ski runs are a bit too short for me to get enough fun,” he said.
The ski resort broke ground in August 2023 and entered trial operation on Nov. 28. The current highest single-day skier arrival is 350 while the resort is designed to handle a daily maximum of more than 3,000 people.
About 70 people currently work at the ski resort, 90 percent of them local residents, and they earn a decent monthly salary of around 4,000 yuan (about 563 U.S. dollars)

According to China Tourism Academy, ice-snow tourism will become a major driver of China’s winter tourism and ice-snow economy, with its total income expected to surpass 1.1 trillion yuan by 2025. ■