Connect with us

Media

တရုတ်နိုင်ငံက ထျန်းကျိုး-၇ ကုန်တင်အာကာသယာဉ် လွှတ်တင်ရန်ပြင်ဆင်

ဝန်ချန်း၊ ဟိုင်နန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

ထျန်းကျိုး-၇ ကုန်တင်အာကာသယာဉ်နှင့် Long March-7 Y8 သယ်ဆောင်ရေးဒုံးပျံ ပေါင်းစပ်ယာဉ်အား လွှတ်တင်ရေးနေရာသို့ ဇန်နဝါရီ ၁၅ ရက်က ဒေါင်လိုက်ရွှေ့ပြောင်းသယ်ဆောင်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ကုန်တင်အာကာသယာဉ်အား မကြာမီကာလ၊ သင့်လျော်သောအချိန်၌ လွှတ်တင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသအေဂျင်စီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဝန်ချန်း အာကာသယာဉ်လွှတ်တင်ရေးနေရာရှိ အဆောက်အအုံများနှင့် ကိရိယာအားလုံးမှာ အခြေအနေကောင်းမွန်လျက်ရှိကြောင်း၊ အာကာသယာဉ် အကြိုလွှတ်တင်ရေး စစ်ဆေးမှုအမျိုးမျိုးနှင့် ပူးတွဲစမ်းသပ်မှုများကို စီစဉ်ထားသည့်အတိုင်း ဆောင်ရွက်မည်ဟု အေဂျင်စီက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။ (Xinhua)

…………………………….
(English Version)
China prepares to launch Tianzhou-7 cargo spacecraft
WENCHANG, Hainan, Jan. 15 (Xinhua) — The combination of the Tianzhou-7 cargo spacecraft and a Long March-7 Y8 carrier rocket was vertically transferred to the launching area on Monday.
The cargo spacecraft will be launched in the near future at an appropriate time, according to the China Manned Space Agency.
The facilities and equipment at the Wenchang Spacecraft Launch Site in China’s southern island province of Hainan are all in good condition, and various pre-launch function checks and joint tests will be carried out as planned, the agency said in a statement.