Connect with us

China

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း မြေပြိုမှုတွင် ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ရေး အစွမ်းကုန်ဆောင်ရွက်ရန် သမ္မတ ရှီ တိုက်တွန်း

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကျောက်ထုံမြို့ Tangfang မြို့နယ်၊ Liangshui ကျေးရွာတွင် မြေပြိုမှုဖြစ်ပွားသောနေရာ၌ ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် Zhenxiong ခရိုင်တွင် မြေပြိုမှုဖြစ်ပွားခဲ့ရာတွင် ပျောက်ဆုံးသူများအား ရှာဖွေ ကယ်ဆယ်ရေး အစွမ်းကုန်ဆောင်ရွက်ကြရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီက ဇန်နဝါရီ ၂၂ ရက် အစောပိုင်း၌ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက် အထက်ပါအတိုင်း ညွှန်ကြားချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မြေပြိုကျမှုကြောင့် အိမ်ထောင်စု ၁၈ စု၏ နေအိမ်များ မြေအောက်နစ်မြုပ်သွားခဲ့ပြီးနောက် လူပေါင်း ၄၇ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
သမ္မတ ရှီက လူသေဆုံးမှု အနည်းဆုံးဖြစ်အောင် ကယ်ဆယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။ နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်များ ကာကွယ်ရန် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စောင့်ကြည့်မှု အားကောင်းစေရေး၊ အစောပိုင်းသတိပေးစနစ်နှင့် သိပ္ပံနည်းကျချဉ်းကပ်မှုများလည်း ဆောင်ရွက်ရန်လည်း ရှီက ပြောကြားခဲ့သည်။
ထို့ပြင် သဘာဝဘေးဒဏ်ခံစားခဲ့ရသူများ၏ မိသားစုဝင်များကိုလည်း နှစ်သိမ့်မှုရရှိစေရန်နှင့် ပြန်လည်အခြေချနေထိုင်နိုင်ရန် သင့်လျော်သောဆောင်ရွက်မှုများပြုလုပ်ရေးအတွက်လည်း ရှီက ညွှန်ကြားချက်၌ ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်နွေဦးနှစ်ကူးပွဲတော် နီးကပ်လာခြင်းနှင့် အအေးလှိုင်းများ၏ အဆိုးဘက်သက်ရောက်မှုကြောင့် သဘာဝဘေးအန္တရာယ်များ၊ ယာဉ်မတော်တဆမှုများနှင့် လုပ်ငန်းခွင်မတော်တဆမှုများမှာ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း ရှီက ဆိုသည်။
ထို့ပြင် ဆက်စပ်သောဒေသများနှင့် ဌာနများအနေဖြင့်လည်း ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသော ဘေးအန္တရာယ်များကို စောင့်ကြည့်ရန်နှင့် ကြီးမားသော လူသေဆုံးမှုများကို ကာကွယ်ရန်နှင့် ပြည်သူများ၏ အသက်အိုးအိမ်များ ဘေးကင်းရေးစိတ်ချမှုရှိစေရန် ၎င်းတို့၏ တာဝန်ဝတ္တရားများအား ထမ်းဆောင်ကြရန် သမ္မတ ရှီက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Xi orders all-out search and rescue of people missing in SW China landslide
BEIJING, Jan. 22 (Xinhua) — Chinese President Xi Jinping has demanded all-out search and rescue of the people missing in a landslide in Zhenxiong County, southwest China’s Yunnan Province.
Xi, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, made the instruction after the landslide struck the county on early Monday.
A total of 47 people remain missing after the landslide buried the homes of 18 households.
Xi ordered prompt rescue efforts to minimize casualties. He also demanded strengthened monitoring and early warning as well as scientific approach in search and rescue efforts to guard against secondary disasters.
In his instruction, Xi called for ensuring appropriate measures to console the families of the victims and resettle those affected.
Xi said natural disasters, traffic accidents and work safety incidents are prone to occur with the Spring Festival approaching and due to the negative influence of the cold waves.
He asked relevant regions and departments to screen potential risks and shoulder their responsibilities to prevent major casualties and ensure the safety of people’s lives and property.
Photo 1: This screenshot captured on Jan. 22, 2024 shows rescuers working at the site of a landslide in Liangshui Village, Tangfang Town in the city of Zhaotong, southwest China’s Yunnan Province. (Xinhua)