Connect with us

Media

ဆော်ဒီနိုင်ငံတကာ အနုပညာပွဲတော်၌ ဖျော်ဖြေတင်ဆက်နေသည့် တရုတ်အကသမားများ

ရီယတ်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ အနောက်တောင်ပိုင်း Asir ဒေသရှိ Khamis Mushait မြို့၌ Mountain Performance Arts အတွက် တတိယအကြိမ်မြောက် Qemam နိုင်ငံတကာပွဲတော်အား ဇန်နဝါရီ ၂၀ ရက်မှ စတင်ကာ ၂၇ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အနုပညာပွဲတော်၌ ဆော်ဒီအာရေဗျနိုင်ငံမှ အဖွဲ့ ၂၀ နှင့် နိုင်ငံတကာအဖွဲ့ ၂၅ ဖွဲ့တို့ ပါဝင်ခဲ့ပြီး ဆော်ဒီပြဇာတ်ရုံနှင့် ဖျော်ဖြေမှုအနုပညာကော်မရှင်တို့က စီစဉ်ကျင်းပခဲ့ကာ ဆော်ဒီအာရေဗျနိုင်ငံ၏ အနုပညာ ကြွယ်ဝမှုနှင့် သမိုင်းဝင်အမွေအနှစ်ဆိုင်ရာ အသိပညာ မြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရသည်။

ပွဲတော်တွင် Shanghai Film Art Academy မှ တရုတ်အကသမားများက တရုတ်ရိုးရာအကကို ဖျော်ဖြေတင်ဆက်ခဲ့ပြီး လာရောက်သူအများအပြားကို ဆွဲဆောင်လျက်ရှိနေကြောင်း သိရသည်။ (Xinhua)

…………………………….
(English Version)
Chinese dancers perform at Saudi int’l art festival
The third edition of the Qemam International Festival for Mountain Performance Arts kicked off on Saturday in Khamis Mushait, Asir Region, southwest of Saudi Arabia, and will last till Jan. 27.
With the participation of 20 groups from Saudi Arabia and 25 international groups, the art festival, organized by the Saudi Theater and Performing Arts Commission, aims to promote awareness of the rich art and historical heritage of the kingdom.
Chinese dancers from the Shanghai Film Art Academy performed traditional Chinese dance at the festival, attracting many visitors.
Xinhua News Agency correspondents reporting from Riyadh.(XHTV)