Connect with us

China

တရုတ်နိုင်ငံက ယူနန် မြေပြိုမှု သဘာဝဘေးကယ်ဆယ်ရေးအတွက် ယွမ် သန်း ၅၀ ခွဲဝေသတ်မှတ်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကျောက်ထုံမြို့၊ Tangfang မြို့နယ် Liangshui ကျေးရွာတွင် မြေပြိုမှုဖြစ်ပွားသောနေရာကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် ဇန်နဝါရီ ၂၂ ရက် နံနက်အစောပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ပြီးနောက် သဘာဝဘေးကယ်ဆယ်ရေးရန်ပုံငွေ ယွမ် သန်း ၅၀ ခွဲဝေသတ်မှတ်ခဲ့ကြောင်း အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနထံမှ သိရသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကျောက်ထုံမြို့၊ Tangfang မြို့နယ် Liangshui ကျေးရွာတွင် မြေပြိုမှုဖြစ်ပွားသောနေရာတွင် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ ပူးတွဲသတ်မှတ်လိုက်သော အဆိုပါ ရန်ပုံငွေအား ရှာဖွေ ကယ်ဆယ်ရေး၊ ဘေးဒဏ်သင့်သူများကို ပြန်လည်နေရာချထားရေး၊ နောက်ဆက်တွဲသဘာဝဘေး စောင့်ကြည့်ခြင်း၊ ပျက်စီးသွားသောနေအိမ်များ ပြင်ဆင်ခြင်းနှင့် အခြားနယ်ပယ်များကို အာရုံစိုက်သည့် သဘာဝဘေးကယ်ဆယ်ရေးနှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို ပံ့ပိုးကူညီရန် အသုံးပြုမည်ဖြစ်သည်။
အဆိုပါ မြေပြိုမှုသည် ယူနန်ပြည်နယ် ကျောက်ထုံမြို့ရှိ Liangshui ကျေးရွာတွင် ဇန်နဝါရီ ၂၂ ရက် နံနက် ၆ နာရီခန့်က ဖြစ်ပွားခဲ့ကာ လူဦးရေ ၄၇ ဦး နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက သဘာဝဘေးကယ်ဆယ်ရေး ကြိုးပမ်းအားထုတ်မှုများဆောင်ရွက်ရန် ယူနန်ပြည်နယ်ရှိ ပြည်သူ့လုံခြုံရေးဌာနများကို ညွှန်ကြားထားကြောင်း သိရသည်။

ယူနန်ပြည်နယ်ရှိ ပြည်သူ့လုံခြုံရေးဌာနများအနေဖြင့် ရှာဖွေရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းအတွက် ဆက်စပ်ဌာနများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ကယ်ဆယ်ရေးယာဉ်များ အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်စေရန် ဝန်ကြီးဌာနက တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)
China allocates 50 mln yuan for Yunnan landslide disaster relief work
BEIJING, Jan. 22 (Xinhua) — China has allocated disaster relief funds totaling 50 million yuan (about 7 million U.S. dollars) following a landslide in the southwestern Yunnan Province early on Monday, according to the Ministry of Emergency Management.
The funds, jointly allocated by the Ministry of Emergency Management and the Ministry of Finance, will be used to support disaster-relief and emergency-rescue work focusing on search and rescue, the relocation of affected people, secondary disaster detection, the repair of damaged homes, and other areas.
The landslide hit Liangshui Village in the city of Zhaotong, Yunnan Province, at approximately 6 a.m. Monday, burying 47 people.
Meanwhile, the Ministry of Public Security has directed public security organs in Yunnan to make all-out disaster relief efforts.
The ministry urged public security organs in the province to cooperate actively with relevant departments on search and relocation work, and to ensure smooth traffic for rescue vehicles.
Photo 1: An aerial drone photo taken on Jan. 22, 2024 shows the site of a landslide in Liangshui Village, Tangfang Town in the city of Zhaotong, southwest China’s Yunnan Province. (Xinhua/Hu Chao)
Photo 2: An aerial drone photo taken on Jan. 22, 2024 shows rescuers working at the site of a landslide in Liangshui Village, Tangfang Town in the city of Zhaotong, southwest China’s Yunnan Province. (Xinhua/Hu Chao)