Connect with us

Media

တရုတ်နိုင်ငံ၏ ပြန်လည်ပေါင်းစည်းရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ထောက်ခံကြောင်း ထပ်လောင်းပြောကြား

ပေကျင်း၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

ထိုင်ဝမ်ဒေသရွေးကောက်ပွဲနှစ်ခုကို ၂၀၂၄ ခုနှစ်တွင် ကျင်းပပြီးနောက် နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းများစွာက တရုတ်နိုင်ငံ ပြန်လည်ပေါင်းစည်းရေးကို အခိုင်အမာထောက်ခံကြောင်းနှင့် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးများကို ပြင်ပမှ ကြားဝင်စွက်ဖက်မှုကို အခိုင်အမာဆန့်ကျင်ကြောင်း ပြောကြားခဲ့ကြသည်။

နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းများအားလုံးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရကသာလျှင် တရုတ်နိုင်ငံ တစ်ခုလုံးကို ကိုယ်စားပြုထားသည့် တရားဝင်တစ်ခုတည်းသော အစိုးရဖြစ်ကြောင်းနှင့် ထိုင်ဝမ်သည် တရုတ်နိုင်ငံ ပိုင်နက်၏ ခွဲထွက်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

“မည်သည့်အချက်ကမျှ ထိုင်ဝမ်အား တရုတ်ပြည်မကြီးမှ သီးခြားခွဲထုတ်၍ မရကြောင်း” အရှေ့တီမောနိုင်ငံ သမ္မတ Jose Ramos-Horta က ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် လွတ်လပ်ရေးပြန်လည်ရယူပြီး ပထမဆုံးနေ့မှစ၍ အရှေ့တီမောနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့က သံတမန်ဆက်ဆံရေး အပြည့်အဝ ထူထောင်ခဲ့ခြင်းဖြစ်ကာ အရှေ့တီမောနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါကို အတိအလင်း ဆက်လက်လိုက်နာခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အစဉ်တစိုက်ထောက်ခံကြောင်းနှင့် ထိုင်ဝမ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ခွဲထွက်၍မရသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်ကို ထပ်လောင်းအတည်ပြုကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။ “ထိုင်ဝမ် သီးခြားရပ်တည်ရေး” အတွက် ရည်ရွယ်သော မည်သည့် ခွဲထွက်ရေးအပြုအမူမျိုးမဆိုနှင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ပြည်ပမှ ကြားဝင်စွက်ဖက်ရေးများကို မြန်မာနိုင်ငံအနေဖြင့် ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း သီရိလင်္ကာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လေးစားလိုက်နာကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံကသာ တရုတ်တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြောင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ထာဝရအစိတ်အပိုင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရုတ်တစ်နိုင်ငံတည်း မူဝါဒအပေါ် ၎င်းတို့၏ ခိုင်မာသော ထိန်းသိမ်းလိုက်နာမှုကို ထပ်လောင်းပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
အလားတူပင် တူနီးရှားနိုင်ငံကလည်း တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် ၂၇၅၈ ကို လိုက်နာကြောင်းနှင့် တရုတ်နိုင်ငံ၏ နယ်မြေပိုင်နက်များအားလုံးအပေါ် အချုပ်အခြာအာဏာ ကျင့်သုံးမှုအား ထောက်ခံကြောင်း တူနီးရှား သမ္မတ Kais Saied က ပြောခဲ့သည်။

တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အီရီထရီးယားနိုင်ငံကလည်း အခိုင်အမာထောက်ခံကြောင်း၊ ယင်းမှာ တရားဥပဒေနှင့် သမိုင်းကြောင်းအရ ညီညွတ်မှုရှိသည်ကို အခိုင်အမာ ဖော်ပြလျက်ရှိကြောင်း အီရီထရီးယားနိုင်ငံ ပြန်ကြားရေးဝန်ကြီး Yemane Gebremeskel က ပြောကြားခဲ့သည်။

ခီရီဘာတီနိုင်ငံ အစိုးရအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြန်လည်စတင်ချိန် ၂၀၁၉ ခုနှစ်ကတည်းက အသိအမှတ်ပြုကြောင်း ၎င်းတို့၏ လိုက်နာမှုကို ထပ်လောင်းပြောကြားခဲ့သလို ထိုင်ဝမ်က တရုတ်နိုင်ငံ၏ အစိတ်အပိုင်းဖြစ်ကြောင်းကိုလည်း ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Int’l community reaffirms support for China’s cause of reunification
BEIJING, Jan. 21 (Xinhua) — Following the two elections in the Taiwan region in 2024, more countries and international organizations have voiced firm support for China’s cause of reunification and resolute opposition to external interference in China’s internal affairs.
All the countries and international organizations said that the government of the People’s Republic of China is the sole legal government representing the whole of China and Taiwan is an inalienable part of China’s territory.
“At no point was Taiwan a separate entity from China’s mainland,” said Timor-Leste’s President Jose Ramos-Horta in a statement. From day one of its independence restauration in 2002, Timor-Leste and the People’s Republic of China established full diplomatic relations, he said, adding that Timor-Leste continues to adhere unequivocally to the one-China policy.
The Ministry of Foreign Affairs of Myanmar said in a statement that Myanmar constantly adheres to the one-China policy and reaffirms that Taiwan is an integral part of the People’s Republic of China. Myanmar opposes any separatist activities aimed at “Taiwan independence” and foreign interference in internal affairs of other states, it said.
A spokesperson of Sri Lanka’s Ministry of Foreign Affairs stressed that Sri Lanka adheres to the one-China principle and recognizes the government of the People’s Republic of China as the sole legal government representing the whole of China. Taiwan is an inalienable part of China’s territory, the spokesperson added.
Bangladesh reiterates its firm adherence to the one-China principle, stated the Bangladeshi Ministry of Foreign Affairs.
Tunisia upholds the one-China principle and the UN General Assembly Resolution 2758, and supports China in exercising sovereignty over all its territory, said Tunisian President Kais Saied.
Eritrea firmly supports the one-China principle that is predicated on legality and history, said Eritrea Information Minister Yemane Gebremeskel.
The government of Kiribati reiterated its adherence to the one-China principle recognized when the two countries resumed diplomatic ties in 2019, adding that Taiwan is part of China.