Connect with us

China

တရုတ်-အိန္ဒိယနယ်စပ်ဆိုင်ရာ အခြေအနေဆောလျင်စွာ အခြေကျရေးက နှစ်နိုင်ငံလုံး၏ ဘုံအကျိုးစီးပွားဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူပြော

ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ)

တရုတ်-အိန္ဒိယနယ်စပ် အခြေအနေ ဆောလျင်စွာ အခြေကျရေးသည် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ၏ ဘုံအကျိုးစီးပွားဖြစ်ကြောင်း၊ နှစ်နိုင်ငံအနေဖြင့် နှစ်ဘက်လုံးမှလက်ခံနိုင်သော နယ်စပ်ရေးရာအတွက် ဖြေရှင်းချက်ကို ဆောလျင်စွာ တွေ့ရှိနိုင်မည်ဟု မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မတ် ၁၃ ရက်၌ ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံကြား လက်ရှိဆက်ဆံရေးအခြေအနေအပေါ် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar ၏ မှတ်ချက်နှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်ကို ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အနေဖြင့် နှစ်နိုင်ငံလုံး၏ ဘုံအကျိုးစီးပွားများဖြစ်သော တရုတ်-အိန္ဒိယနယ်စပ်ဆိုင်ရာ အခြေအနေ ဆောလျင်စွာ အခြေကျမည်ဟု ယုံကြည်ကြောင်း ဝမ်က ဆိုသည်။
ထို့ပြင် နှစ်နိုင်ငံလုံးအနေဖြင့် နှစ်နိုင်ငံ ခေါင်းဆောင်များကြားရရှိထားသော ဘုံသဘောတူညီမှုများနှင့် ဆက်စပ်သဘောတူစာချုပ်များ၏ သဘောထားကို လိုက်နာဆောင်ရွက်ရန်၊ သံတမန်ရေးနှင့် စစ်ဘက်ရေးရာ လမ်းကြောင်းများမှတစ်ဆင့် ဆက်ဆံရေးထိန်းသိမ်းရန်၊ နှစ်ဘက်လုံးမှ လက်ခံနိုင်မည့် နယ်စပ်အရေးဆိုင်ရာ ဖြေရှင်းမှုကို ဆောလျင်စွာရှာဖွေတွေ့ရှိနိုင်ရန် မျှော်လင့်ကြောင်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)

…………………………..
(English Version)
Early settlement of situation on China-India border serves common interests of both sides: spokesperson
BEIJING, March 13 (Xinhua) — A Chinese foreign ministry spokesperson on Wednesday said that an early settlement of the situation on the China-India border serves the common interests of China and India, adding that it is hoped that the two countries will find a solution to relevant border issues that can be accepted by both sides at an early date.
Spokesperson Wang Wenbin made the comment at a daily news briefing in response to media report about Indian External Affairs Minister Subrahmanyam Jaishankar’s recent remarks regarding the current state of relations between India and China.
Both China and India believe that an early settlement of the situation on the China-India border serves the common interests of both countries, Wang said.
Wang said China hopes that the two sides will follow the common understandings between the leaders of the two countries and the spirit of relevant agreements, maintain communication through diplomatic and military channels, and find a solution to relevant border issues that can be accepted by both sides at an early date.