Connect with us

China

ရုရှားနိုင်ငံ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသော ပူတင်ထံ တရုတ်နိုင်ငံ သမ္မတ ရှီက ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာ ပူတင်တို့ ပေကျင်းမြို့တော် ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခြင်းခံရသော ဗလာတီမာပူတင်ထံ မတ် ၁၈ ရက်တွင် ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။
မကြာသေးမီနှစ်များအတွင်း ရုရှားပြည်သူများသည် တစ်လုံးတစ်ဝတည်း စည်းလုံးညီညွတ်မှုရှိခဲ့ကြောင်း၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ခဲ့ကြောင်း၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြန်လည်အားသစ်လောင်းမှုအတွက် တည်ငြိမ်စွာတိုးတက်မှုကို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပူတင် ပြန်လည်ရွေးကောက်ခံရခြင်းသည် ရုရှားသမ္မတအပေါ် ရုရှားပြည်သူများ၏ ထောက်ခံမှု အပြည့်အဝရောင်ပြန်ဟပ်ခြင်းဖြစ်ကြောင်း သမ္မတ ရှီက ပြောခဲ့သည်။
ရုရှားနိုင်ငံအနေဖြင့် ပူတင်၏ ဦးဆောင်မှုအောက်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ဆောက်မှုတွင် ကြီးမားသော အောင်မြင်မှု စွမ်းဆောင်နိုင်မည်မှာ အသေအချာဖြစ်ကြောင်း ရှီက သဝဏ်လွှာ၌ ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)
…………………………..
(English Version)

Xi congratulates Putin on reelection as Russian president
BEIJING, March 18 (Xinhua) — Chinese President Xi Jinping on Monday congratulated Vladimir Putin on his reelection as Russian president.
In recent years, the Russian people have united as one, overcome challenges, and made steady progress towards national development and revitalization, Xi said, adding that the reelection of Putin as Russian president fully reflects the Russian people’s support for him.
Russia will surely make greater achievement in national development and construction under Putin’s leadership, Xi said.
Noting that China attaches great importance to the development of China-Russia relations, Xi said China stands ready to maintain close communication with Russia to promote the sustained, sound, stable and in-depth development of China-Russia comprehensive strategic partnership of coordination for a new era to benefit the two nations and their people.
Photo: Chinese President Xi Jinping holds talks with Russian President Vladimir Putin at the Great Hall of the People in Beijing, capital of China, Oct. 18, 2023. (Xinhua/Zhang Ling)