Connect with us

China

တရုတ်နိုင်ငံက တရုတ်-ရုရှားဆက်ဆံရေး တိုးတက်မှုကို အထူးအလေးထားကြောင်း ရှီပြော

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာ ပူတင်တို့ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်တွင် ၂၀၂၃ ခုနှစ် မတ် ၂၀ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် တရုတ်-ရုရှားဆက်ဆံရေး တိုးတက်မှုကို အထူးအလေးထားကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မတ် ၁၈ ရက်တွင် ပြောကြားခဲ့သည်။
ရုရှားနိုင်ငံ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသည့် ဗလာတီမာ ပူတင်ထံ ပေးပို့သော ဝမ်းမြောက်ကြောင်းသဝဏ်လွှာတွင် ရှီက တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ အကျိုးကျေးဇူးရှိစေမည့် ခေတ်သစ်အတွက် တရုတ်-ရုရှား ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ရေရှည်တည်တံ့ ခိုင်မာပြီး တည်ငြိမ် နက်ရှိုင်းသော တိုးတက်မှုကို မြှင့်တင်ရေးအတွက် ရုရှားနိုင်ငံနှင့် အနီးကပ်ဆက်ဆံရေးကို ထိန်းသိမ်းရန် အသင့်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

……………………
(English Version)
Xi says China attaches great importance to development of China-Russia ties
BEIJING, March 18 (Xinhua) — Chinese President Xi Jinping said on Monday that China attaches great importance to the development of China-Russia relations.
In a congratulatory message to Vladimir Putin on his reelection as Russian president, Xi said China stands ready to maintain close communication with Russia to promote the sustained, sound, stable and in-depth development of China-Russia comprehensive strategic partnership of coordination for a new era to benefit the two nations and their people.
Photo: Chinese President Xi Jinping meets with Russian President Vladimir Putin at the Kremlin on his arrival in Moscow, Russia, March 20, 2023. (Xinhua/Shen Hong)