Connect with us

China

ဗီဇာကင်းလွတ်ခွင့်မူဝါဒက တရုတ်-ထိုင်းခရီးသွားပွင့်လင်းမှုကို အားဖြည့်ပေး

ထိုင်းနိုင်ငံ ဆမွတ်ပရာခန်ပြည်နယ် Ancient Siam တွင် အဖွဲ့လိုက်အမှတ်တရဓာတ်ပုံရိုက်ကူးနေသော တရုတ်ခရီးသွားဧည့်သည်များကို ၂၀၂၄ ခုနှစ် မတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုက်ယွမ်၊ မတ် ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ တက္ကသိုလ်များသို့ လာရောက်လေ့လာသော ထိုင်းဆရာ/ဆရာမအဖွဲ့ကို နှုတ်ဆက်ပြီးနောက် ဧည့်လမ်းညွှန် ယန်ယောင်ယွီသည် နောက်ထပ် ထိုင်းခရီးသွားဧည့်သည်များကို ကြိုဆိုရန် နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ်သို့ ချက်ချင်းထွက်ခွာသွားခဲ့သည်။

ထိုင်းနှင့် တရုတ် နှစ်နိုင်ငံကြား မတ်လ ၁ ရက်မှစ၍ အပြန်အလှန်ဗီဇာကင်းလွတ်ခွင့် သဘောတူညီမှုရရှိပြီးနောက် လတ်တလောကာလအတွင်း ထိုင်းခရီးသွားဧည့်သည်များက တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် စိတ်အားထက်သန်လျက်ရှိသည်ကို ထိုင်းဘာသာစကားပြော ဧည့်လမ်းညွှန်ဖြစ်သူ ယန်ယောင်ယွီက အတည်ပြုပြောကြားခဲ့သည်။
“အရင်ကတော့ ဆုန်ခရန်ပွဲတော်ပြီးတော့ ဧပြီလလောက်မှ ထိုင်းခရီးသွားဧည့်သည်တွေက တရုတ်နိုင်ငံကို လာရောက်လေ့ရှိကြတာပါ။ ဒါပေမဲ့ ကျွန်မဆီမှာတော့ မတ်လ ၃ ရက်ကနေ ဧပြီလကုန်အထိ ကြိုတင်စာရင်းပေးထားတာတွေ ပြည့်နေပြီ” ဟု ယန်က ဆိုသည်။

ဗီဇာကင်းလွတ်ခွင့်မူဝါဒသည် တရုတ်နိုင်ငံသားများနှင့် ထိုင်းနိုင်ငံသားများအတွက် ယဉ်ကျေးမှု အပြန်အလှန် ဖလှယ်ရေးကို မြှင့်တင်ပေးပြီး ထိုင်းခရီးသွားဧည့်သည်များအနေဖြင့် ပြည်ပခရီးထွက်ရန် တရုတ်နိုင်ငံအား ပထမနေရာတွင် ပိုမို၍ထည့်သွင်းစဉ်းစားလာကြကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ အကြီးဆုံးခရီးသွားလုပ်ငန်း‌အေဂျင်စီ Trip.com မှ အချက်အလက်များအရ မတ် ၁ ရက်တွင် ထိုင်းနိုင်ငံသို့ လာရောက်ကြသော တရုတ်ခရီးသွားအရေအတွက်မှာလည်း ယမန်နှစ် အလားတူကာလထက် ၃၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သလို ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ ခရီးစဉ်ကြိုတင်မှာယူမှုများမှာလည်း ယခင်နှစ် ကာလတူထက် သုံးဆများပြားခဲ့ရာ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၆၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ကြောင်း သိရသည်။

ထို့ပြင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် အချင်းချင်း အရေးပါသောခရီးသွားဧည့်သည် လာရောက်သောနေရာများနှင့် အရင်းအမြစ်များဖြစ်ကြကြောင်း၊ အပြန်အလှန်ဗီဇာကင်းလွတ်ခွင့် အကောင်အထည်ဖော်ခြင်းက နှစ်နိုင်ငံရှိ ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် သိသာထင်ရှားသည့် အပြုသဘော အကျိုးသက်ရောက်မှုများဖြစ်ကြောင်း Trip.com Group ဒုတိယဥက္ကဋ္ဌ ချင်ကျင်းက ပြောခဲ့သည်။

တရုတ်နိုင်ငံဘက်မှလည်း ထိုင်းခရီးသွားဧည့်သည်များကို ယဉ်ကျေးမှု၊ ရိုးရာဓလေ့၊ ဆီးနှင်းနှင့် ရေခဲ စိတ်လှုပ်ရှားဖွယ်အစီအစဉ်များ ပါဝင်သော သီးသန့်ရွေးချယ်စရာများ ပိုမိုထည့်သွင်းထားကြောင်း ချင်က ဖြည့်စွက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ဆွစ်ဇာလန်၊ အိုင်ယာလန်၊ ဟန်ဂေရီ၊ ဩစ‌တြီးယား၊ ဘယ်လ်ဂျီယံနှင့် လူဇင်ဘက် စသည့်နိုင်ငံနှင့်လည်း မတ် ၁၄ ရက်မှစ၍ ဗီဇာကင်းလွတ်ခွင့် စမ်းသပ်ဆောင်ရွက်ထားကြောင်း သိရသည်။ (Xinhua)

…………………………………….
(English Version)
Visa-free policy ignites China-Thailand travel boom
TAIYUAN, March 18 (Xinhua) — Just after bidding farewell to a group of Thai teachers visiting universities in Beijing, tour guide Yang Yaoyu rushed to Shanxi Province in north China to greet another group of Thai visitors.
The seasoned Thai-speaking tour guide can attest to a recent surge in enthusiasm among Thai tourists towards China, after a mutual visa exemption agreement between the two countries took effect on March 1.
“Previously, the peak of Thai tourists to China was in April after Songkran festival. However, my schedule is now fully booked from March 3 until the end of April,” Yang said.
The visa-free policy has boosted cultural exchanges between the Chinese and Thai people, and more and more Thai tourists are considering China as their first choice destination for overseas travel.
Data from China’s major online travel agency Trip.com showed that on March 1, the number of Chinese tourists to Thailand increased by more than 30 percent year on year, while travel orders from Thailand to China surged by threefold year on year, an increase of more than 160 percent compared with 2019.
China and Thailand are important tourist destinations and sources for each other, and the implementation of the mutual visa exemption holds significantly positive implications for the growth of the tourism sectors in both nations, said Qin Jing, vice president of Trip.com Group. The Chinese side can provide Thai tourists with more personalized options spanning culture, folk custom, and snow-and-ice activities, among others, Qin added.
In addition, China has adopted a visa-free policy for Switzerland, Ireland, Hungary, Austria, Belgium and Luxembourg on a trial basis, starting March 14.
Photo: Chinese tourists pose for a group photo at Ancient Siam in Samut Prakan, Thailand, March 1, 2024. (Xinhua/Wang Teng)