Connect with us

China

အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ်သို့ ကိုယ်စားလှယ် ၂,၀၀၀ ခန့် တက်ရောက်မည်

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့ရှိ အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် (BFA) အပြည်ပြည်ဆိုင်ရာကွန်ဖရင့်စင်တာကို ၂၀၂၄ ခုနှစ် မတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘိုးအောက်၊ ဟိုင်နန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းပြည်နယ်ရှိ ကမ်းရိုးတန်းမြို့ဖြစ်သော ဘိုးအောက်တွင် မတ် ၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပရန် စီစဉ်ထားသော ၂၀၂၄ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် (BFA) သို့ လူဦးရေ ၂,၀၀၀ ခန့် တက်ရောက်မည်ဖြစ်ကြောင်း BFA အထွေထွေအတွင်းရေးမှူး Li Baodong က မတ် ၂၆ ရက်၌ ပြောကြားခဲ့သည်။

ယခုနှစ်ဖိုရမ်သည် နိုင်ငံနှင့် ဒေသ ၆၀ ကျော်မှ ကိုယ်စားလှယ် ၂,၀၀၀ ခန့်၊ နိုင်ငံနှင့် ဒေသ ၄၀ ခန့်မှ သတင်းထောက် ၁,၁၀၀ ကျော် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
“အာရှနှင့် ကမ္ဘာကြီး – ဘုံစိန်ခေါ်မှုများ၊ တာဝန်ဝတ္တရားများ မျှဝေခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပမည့် အဆိုပါ ဖိုရမ်တွင် “ကမ္ဘာ့စီးပွားရေး” ၊ “သိပ္ပံနှင့် နည်းပညာ ဆန်းသစ်တီထွင်မှု” ၊ “လူမှုဖွံ့ဖြိုးတိုးတက်မှု” ၊ “နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု” နှင့် “စိန်ခေါ်မှုများ ပူးတွဲရင်ဆိုင်ခြင်း” စသည့် အဓိကခေါင်းစဉ် ၅ ခုဖြင့် ပြုလုပ်မည်ဖြစ်သည်။

ယနေ့ခတ်ကမ္ဘာကြီး ရင်ဆိုင်နေရသော စိန်ခေါ်မှုများမှာ ရှုပ်ထွေးကြောင်းနှင့် အတူပူးတွဲကိုင်တွယ်ဖြေရှင်းခြင်း၊ တာဝန်ဝတ္ထရားများ အတူထမ်းဆောင်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုအားကောင်းခြင်းဖြင့်သာ ကမ္ဘာကြီးအနေဖြင့် ငြိမ်းချမ်း၍ သာယာဝပြောသောလမ်းကြောင်းသို့ ဆက်လက်ရှေ့ဆက်နိုင်မည်ဖြစ်ကြောင်း Li က ဖိုရမ်နှင့်ပတ်သက်၍ မတ် ၂၆ ရက်၌ ပြုလုပ်သော ပထမဆုံးသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ယင်းဖိုရမ်တွင် ဆွေးနွေးမှုများမှတစ်ဆင့် နိုင်ငံများအားလုံး၏ အသိပညာစုစည်းခြင်း၊ အာရှ‌ဒေသနှင့် ကမ္ဘာကြီး၏ ခွန်အားကို စုစည်းခြင်း၊ အခက်အခဲများကို ကျော်လွှားရန်နှင့် ပိုမိုကောင်းမွန်သောအနာဂတ် ဖန်တီးရေး BFA က မျှော်လင့်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

၂၀၀၁ ခုနှစ်တွင် တည်ထောင်ထားသော BFA သည် အစိုးရမဟုတ်သော၊ အကျိုးအမြတ်မယူသော အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ဒေသတွင်းစီးပွားရေးပေါင်းစည်းမှု မြှင့်တင်ရန်နှင့် အာရှနိုင်ငံများကို ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ ပိုမိုနီးကပ်လာစေရန် ဆောင်ကြဉ်းပေးရန် ကတိပြုထားကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)
Some 2,000 delegates to attend Boao Forum for Asia
BOAO, Hainan, March 26 (Xinhua) — Some 2,000 participants will attend the 2024 Boao Forum for Asia (BFA) annual conference, scheduled for March 26 to 29 in Boao, a coastal town on China’s island province of Hainan, BFA secretary general Li Baodong said on Tuesday.
This year’s conference will draw about 2,000 delegates from over 60 countries and regions and more than 1,100 journalists from about 40 countries and regions.
Themed “Asia and the World: Common Challenges, Shared Responsibilities,” the event will center around five main topics, namely “World Economy,” “Scientific and Technological Innovation,” “Social Development,” “International Cooperation,” and “Jointly Meeting Challenges”.
The challenges facing the world today are complex, and only by jointly meeting them, shouldering the responsibilities and strengthening cooperation can the world continue to move on the track of peace and prosperity, said Li at the first press conference for the event on Tuesday.
He noted that through discussions at the conference, BFA hopes to pool the wisdom of all parties, unite the strength of Asia and the world, and overcome difficulties and create a better future.
Founded in 2001, the BFA is a non-governmental and non-profit international organization committed to promoting regional economic integration and bringing Asian countries closer to their development goals.
Photo: This photo taken on March 25, 2024 shows a view of the Boao Forum for Asia (BFA) International Conference Center in Boao, south China’s Hainan Province.(Xinhua/Yang Guanyu)