Connect with us

China

တရုတ်၊ အမေရိကန်နှင့် အီးယူတို့ စားသုံးသူထုတ်ကုန်ဘေးကင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီမှုအသစ်ရရှိ

- တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်မြို့တော် ဟိုင်ခိုတွင် တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာစားသုံးသူထုတ်ကုန်ပြပွဲ (CICPE) နေရာအပြင်ဘက်ကို ၂၀၂၃ ခုနှစ် ဧပြီ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) တို့သည် စားသုံးသူထုတ်ကုန်ဘေးကင်းရေးဆိုင်ရာ နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှု သဘောတူညီမှုအသစ်ကို ဧပြီ ၁၀ ရက်က ရရှိခဲ့ကြကြောင်း အထွေထွေအကောက်ခွန်ဦးစီးဌာန (GAC) အရ သိရသည်။ တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့တွင် ပြုလုပ်သော ၈ ကြိမ်မြောက် တရုတ်-အမေရိကန်-အီးယူ သုံးပွင့်ဆိုင်ထိပ်သီးအစည်းအဝေးတွင် ဘုံစံချိန်စံညွှန်းများ ထူထောင်ရေး၊ ဘုံကြီးကြပ်မှု နက်ရှိုင်းရေး၊ စားသုံးသူအခွင့်အရေးများ၊ အကျိုးစီးပွားများ ဘုံကာကွယ်မှုကို အလေးထားရေး၊ စားသုံးသူထုတ်ကုန်များ ဘေးကင်းမှု ကာကွယ်ရန် ကြိုးပမ်းရေးအတွက် သဘောတူခဲ့ကြသည်။ (Xinhua)
……………………….
(English Version)
China, U.S., EU reach new consensus on cooperation on consumer product safety
BEIJING, April 10 (Xinhua) — China, the United States and the European Union (EU) reached new consensus on Wednesday on deepening cooperation on consumer product safety, according to the General Administration of Customs (GAC). The three sides agreed to build common standards, deepen common supervision, focus on common protection of consumer rights and interests, and strive to protect the common safety of consumer products at the Eighth China-US-EU Trilateral Summit on Consumer Product Safety in Hangzhou, east China’s Zhejiang Province.
Photo: This photo taken on April 10, 2023 shows a view outside the venue of the third China International Consumer Products Expo (CICPE) in Haikou, capital city of south China’s Hainan Province. (Xinhua/Zhang Liyun)