Connect with us

International Organizations

၂၀၂၄ ခုနှစ် ဩဂုတ် ၂၂ ရက်အတွက် ဆင်ဟွာမြန်မာ စိတ်ဝင်စားဖွယ်ရာအားကစားသတင်းကောက်နုတ်ချက်

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပသော ၂၀၂၄ ခုနှစ် ပဲရစ်အိုလံပစ်အားကစားပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသော တရုတ်အားကစားသမား Chen Meng (ဝဲ)/Wang Manyu တို့ကို ၂၀၂၄ ခုနှစ် ဩဂုတ် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)

၂၀၂၄ ခုနှစ် ဩဂုတ် ၂၂ ရက်အတွက် ဆင်ဟွာမြန်မာ စိတ်ဝင်စားဖွယ်ရာအားကစားသတင်းတချို့ကို ဖော်ပြအပ်ပါသည်။

-Atletico Madrid က အင်္ဂလန်ကွင်းလယ်ကစားသမား Gallagher ကို ခေါ်ယူ

Atletico Madrid အသင်းက အင်္ဂလန်ကွင်းလယ်ကစားသမား Conor Gallagher ကို ချယ်လ်ဆီးအသင်းမှ ခေါ်ယူမှုကို သီတင်းပတ်ကြာ ဆောင်ရွက်ခဲ့ပြီးနောက် အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်သည်။
အသက် ၂၄ နှစ်အရွယ် ချယ်လ်ဆီးလူငယ်ကစားသမား Conor Gallagher သည် ၂၀၂၉ ခုနှစ် ဇွန်လအထိ ငါးနှစ်စာချုပ်ကို ယူရို သန်း ၄၀ ခန့် (အမေရိကန်ဒေါ်လာ ၄၄.၅ သန်း) ဖြင့် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ကာ စပိန်ကလပ်အသင်းအတွက် ပြန်လည်ကစားတော့မည်ဖြစ်သည်။
………………….
-တရုတ်အိုလံပစ်စားပွဲတင်တင်းနစ် ရွှေတံဆိပ်ဆုရှင် သုံးဦး မကာအို WTT ချန်ပီရှစ်မှ နုတ်ထွက်

ပဲရစ်အိုလံပစ်အားကစားပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့ကြသည့် တရုတ်စားပွဲတင်တင်းနစ်အားကစားသမားများဖြစ်သော Fan Zhendong ၊ Ma Long နှင့် Chen Meng တို့သည် လာမည့်လအတွင်း မကာအို၌ ကျင်းပမည့် ကမ္ဘာ့စားပွဲတင်တင်းနစ် (WTT) ချန်ပီယံရှစ်ပြိုင်ပွဲမှ နုတ်ထွက်ထားကြောင်း WTT က ကြေညာခဲ့သည်။
၎င်းတို့၏နေရာတွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အလိုက် Lin Gaoyuan ၊ Lin Shidong နှင့် Chen Xingtong တို့က ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
………………….
-အေဂျက်စ်ကလပ်အသင်းက အီတလီနောက်ခံလူ ရူဂါနီကို ဂျူဗင်တပ်စ်အသင်းမှ အငှားစနစ်ဖြင့်ခေါ်ယူ

အေဂျက်စ်ကလပ်အသင်းက နောက်ခံလူ ဒန်နီလီ ရူဂါနီ (Daniele Rugani) ကို တစ်ရာသီစာအတွက် တိုက်ရိုက်အငှားစနစ်ဖြင့် ခေါ်ယူရေး ဂျူဗင်တပ်စ်အသင်းနှင့် သဘောတူညီချက်ရရှိခဲ့ကြောင်း အေဂျက်စ်ကလပ်အသင်းက ဩဂုတ် ၂၁ ရက်၌ကြေညာခဲ့သည်။

အသက် ၃၀ နှစ်အရွယ် ရူဂါနီသည် ဂျူဗင်တပ်စ်အသင်းတွင် ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ထားခြင်းဖြစ်သည်။ အေဂျက်စ်နှင့် အငှားစာချုပ်တွင်မူ ၂၀၂၅ ခုနှစ် ဇွန် ၃၀ ရက်အထိဖြစ်သည်။ (Xinhua)
……………………………………..
(English Version)
Atletico Madrid complete signing of England midfielder Gallagher
MADRID, Aug. 21 (Xinhua) — Atletico Madrid have finally completed the signings of England international midfielder Conor Gallagher from Chelsea over a week.
The 24-year-old product of the Chelsea youth system has signed a five-year contract until the end of June 2029, for a fee of around 40 million euros (44.5 million U.S. dollars), and has already returned to work with the Spanish club.
….
China’s Olympic table tennis golden trio withdraw from WTT Champions in Macao
BEIJING, Aug. 21 (Xinhua) — Chinese paddlers Fan Zhendong, Ma Long and Chen Meng, who won gold medals at the recently concluded Paris Olympic Games, have withdrawn from next month’s World Table Tennis (WTT) Champions tournament in Macao, WTT announced on Wednesday.
Consequently, their spots will be filled by their compatriots Lin Gaoyuan, Lin Shidong and Chen Xingtong, respectively, based on world rankings.
….
Ajax bring in Italian defender Rugani on loan from Juventus
THE HAGUE, Aug. 21 (Xinhua) — Ajax have reached an agreement with Juventus and Daniele Rugani on the direct loan of the defender for one season, the Dutch soccer club announced on Wednesday.
The 30-year-old Rugani has a contract until 2026 at Juventus. The loan deal with Ajax until June 30, 2025.
Photo: Chen Meng (L)/Wang Manyu of China compete against Chen Szu-Yu/Chien Tung-Chuan of Chinese Taipei during the women’s team quarterfinal of table tennis between China and Chinese Taipei at the Paris 2024 Olympic Games in Paris, France, on Aug. 7, 2024. (Xinhua/Wang Dongzhen)