Connect with us

Media

တရုတ်နိုင်ငံက SCO သရုပ်ပြဧရိယာကို ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းသစ်အဖြစ် တိုးမြှင့်ဆောင်ရွက်လျက်ရှိ

ချင်းသောင်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ တရုတ်-SCO ပြည်တွင်း စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သရုပ်ပြဧရိယာ (SCODA) သည် ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကောင်းမွန်သော ပလက်ဖောင်းသစ်တစ်ခုအဖြစ် တိုးတက်ပြောင်းလဲလာခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇွန်လက ပထမဆုံး အဆိုပြုခဲ့သော SCODA သည် နိုင်ငံတကာ စက်မှုလုပ်ငန်း၊ ထောက်ပံ့ရေးနှင့် ကုန်သွယ်ရေးကွင်းဆက်များ၌ အရေးပါသော ချိတ်ဆက်မှုတစ်ခု ဖြစ်လာခဲ့ကာ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) နိုင်ငံများ၏ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ပေးလျက်ရှိသည်။

အဆိုပါ သရုပ်ပြဧရိယာသည် စက်မှုလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဇုန်တစ်ခုလည်း ဖြစ်ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ယွမ် ဘီလီယံ ၂၀၀ ကျော် (အမေရိကန်ဒေါ်လာ ၂၇.၉ ဘီလီယံခန့်) ဖြင့် စီမံကိန်း ၇၀ ကျော် ဆွဲဆောင်ထားနိုင်ခဲ့သည်။

ထိုဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ကုန်တင်ရထားလမ်းကြောင်း ၃၁ ခု လည်ပတ်ပြေးဆွဲနေပြီး ရပ်ဝန်းနှင့် ပိုးလမ်းမ မိတ်ဖက်နိုင်ငံ ၂၃ နိုင်ငံရှိ မြို့ ၅၄ မြို့အထိ ရောက်ရှိနေပြီဖြစ်သည်။

တရုတ်-SCO သရုပ်ပြဧရိယာတွင် ကုန်သွယ်ရေး၊ အကောက်ခွန်ရှင်းလင်းရေး၊ ထောက်ပံ့သယ်ယူပို့ဆောင်ရေးနှင့် ဘဏ္ဍာရေး စသည့်ကဏ္ဍများအတွက် တစ်နေရာတည်း၌ ဝန်ဆောင်မှုများပေးအပ်နိုင်မည့် ဘက်စုံ စီးပွားရေးနှင့် ကုန်သွယ်ရေး ပလက်ဖောင်းတစ်ခု ထူထောင်ထားကြောင်း သိရသည်။ (Xinhua)

………………………………..
(English Version)
China developing SCO demonstration area into new Belt and Road cooperation platform
QINGDAO, Oct. 11 (Xinhua) — The China-SCO Local Economic and Trade Cooperation Demonstration Area (SCODA) in Qingdao, east China’s Shandong Province, has grown into a new and promising platform for Belt and Road cooperation.
First proposed in June 2018, the SCODA is becoming an important link in international industrial, supply and trade chains, boosting economic and trade cooperation of the Shanghai Cooperation Organization (SCO) countries.
It is also a zone for industrial cooperation, having attracted more than 70 projects with a total investment of over 200 billion yuan (about 27.9 billion U.S. dollars).
The demonstration area operates 31 international freight train routes, reaching 54 cities in 23 Belt and Road partner countries.
The demonstration area has set up a comprehensive economic and trade platform to offer one-stop services covering trade, customs clearance, logistics, and finance.