Connect with us

Africa & Middle East

ပါလက်စတိုင်းများ ဂါဇာမြို့မှ ထွက်ခွာရန် အစ္စရေးစစ်တပ်သတိပေး

အစ္စရေးနိုင်ငံ တောင်ပိုင်း၊ အစ္စရေး-ဂါဇာ နယ်စပ်အနီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်က အစ္စရေးအမြောက်တပ် နေရာယူနေစဉ် (ဓာတ်ပုံ- JINI via Xinhua)

ဂျေရုဆလမ်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

အစ္စရေးက မြေပြင်စစ်ဆင်ရေးများ ပြုလုပ်နိုင်မည်ဖြစ်သောကြောင့် ဒေသခံများအနေဖြင့် ကမ်းရိုးတန်းဒေသ တောင်ပိုင်းဧရိယာသို့ ရွှေ့ပြောင်းကြရန် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က အောက်တိုဘာ ၁၃ ရက်၌ ညွှန်ကြားထားကြောင်း သိရသည်။

ဂါဇာနယ်စပ်အနီး အစ္စရေးနိုင်ငံ တောင်ပိုင်း Sderot မြို့တွင် ဒုံးကျည်တိုက်ခိုက်မှု သတိပေးချက်ကြောင့် အကာအကွယ်ယူနေကြသော အစ္စရေးစစ်သားများကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- JINI via Xinhua)

“အရပ်သားတွေအားလုံး ဘေးကင်းလုံခြုံရေးနဲ့ အကာအကွယ်ရရှိစေရေးအတွက် နေရာရွှေ့ပြောင်းကြဖို့ IDF အနေနဲ့တိုက်တွန်းပါတယ်” ဟု အောက်တိုဘာ ၁၃ ရက် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“နောက်ထပ် ကြေညာချက်တစ်စုံတစ်ရာ ထုတ်ပြန်ချိန်မှသာလျှင် ဂါဇာမြို့သို့ ပြန်လာနိုင်မည်ဖြစ်ကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟားမက်စ်စစ်သွေးကြွများသည် ပုန်းအောင်းနေထိုင်ရန် ယင်းမြို့တွင်းရှိ မြေအောက်ဥမင်များကို အသုံးပြုလျက်ရှိကြောင်း IDF ထုတ်ပြန်ချက်အရ သိရသည်။

အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင်ဒေသတွင် မြေပြင်ထိုးဖောက်ဝင်ရောက်ရေးအတွက် ပြင်ဆင်နေဖွယ်ရှိကြောင်း သတင်းများနှင့် လေ့လာသူများက ဆိုသည်။

အောက်တိုဘာ ၇ ရက်တွင် စတင်ခဲ့သော ဟားမက်စ်နှင့် အစ္စရေးတို့ကြား တိုက်ခိုက်မှုဖြစ်ပွားချိန်မှစ၍ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသရှိ ပစ်မှတ်များအား လေကြောင်းတိုက်ခိုက်မှု မြောက်မြားစွာ ပြုလုပ်ခဲ့သည်။ ယခုအကြိမ် တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၁,၅၀၀ ကျော်နှင့် အစ္စရေး ၁,၃၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Israeli military warns Palestinians to evacuate Gaza City
JERUSALEM, Oct. 13 (Xinhua) — Israeli Defense Forces (IDF) on Friday ordered residents of Gaza City to evacuate to the southern area of the coastal enclave ahead of a possible Israeli ground offensive.
“The IDF calls for the evacuation of all civilians … for their own safety and protection,” read a statement issued Friday morning.
“You will be able to return to Gaza City only when another announcement permitting it is made,” the statement said.
According to the IDF, Hamas militants are using underground tunnels in the city to hide.
Israel is believed to be preparing for a ground incursion on the Gaza Strip, according to media reports and analysis.
Since this round of attacks between Hamas and Israel began on Saturday, Israel has launched hundreds of airstrikes against targets in the Gaza Strip. So far more than 1,500 Palestinians and more than 1,300 Israelis have been killed.
Photo 1: An Israeli artillery unit is stationed near the Israel-Gaza border, in southern Israel, Oct. 12, 2023. (JINI via Xinhua)
Photo 2: Israeli soldiers take cover during an alert for a rocket attack in Israel’s southern city of Sderot near the border with Gaza on Oct. 12, 2023. (JINI via Xinhua)