Connect with us

Media

တရုတ် သန့်စင်စွမ်းအင် ကုမ္ပဏီများက CES 2023တွင် ပါဝင်ပြသ

လာ့စ်ဗီးဂတ််စ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

2023 Consumer Electronics Show (CES)ကို အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ်မြို့တွင် ကျင်းပခဲ့ရာ တရုတ်သန့်စင်စွမ်းအင်ကုမ္ပဏီများ၏ ဆန်းသစ်တီထွင်ထားသော ထုတ်ကုန်ပစ္စည်းများနှင့် အစိမ်းရောင်စွမ်းအင် ဖြေရှင်းပုံများက အများဂရုပြုစရာ ဖြစ်လာသည်။
သန့်စင်စွမ်းအင်နှင့်စွမ်းအင်သိုလှောင်မှု ဖြေရှင်းပုံများက ဇန်နဝါရီ ၈ ရက် ပြပွဲပြီးဆုံးသော အခမ်းအနား အဓိကအာရုံစိုက်မှု ခံခဲ့ရသည်။
ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့တွင် တည်ရှိသော Jackeryသည် ခရီးဆောင် လျှပ်စစ်စွမ်းအင်ပစ္စည်း လုပ်ငန်း၏ ရှေ့ဆောင် ဖြစ်သည်။ ပြပွဲတွင် ၎င်း ဖန်တီးထားသည့် ခရီးဆောင် နေရောင်ခြည်စွမ်းအင်သုံး ဂျင်နရေတာကို ထုတ်ဖော်ပြသခဲ့သည်။

JACK SUN
Founder & Chairman of Jackery

ကပ်ရောဂါကာလမှာ ကျွန်တော်တို့ရဲ့ ခရီးဆောင် နေရောင်ခြည်စွမ်းအင်သုံး ဂျင်နရေတာတွေကို လူကြိုက်များကြတယ်၊ ဘာဖြစ်လို့လဲဆိုတော့ RVခရီးသွား၊ လေဟာပြင်မှာ စခန်းချလည်ပတ်ခြင်း၊ ငါးမြှားခြင်း စတဲ့ အပြင်ခရီးသွားလှုပ်ရှားမှုတွေများလာတယ်၊ ဒီထုတ်ကုန်ပစ္စည်းက သူတို့အတွက် အစိမ်းရောင် လျှပ်စစ်စွမ်းအင်အသုံးပြုနိုင်မှုကို ပံ့ပိုးပေးခဲ့ပါတယ်။

CES 2023တွင် နိုင်ငံနှင့်ဒေသပေါင်း ၁၇၀ ကျော်က လုပ်ငန်းရှင် ၃,၇၀၀ကို ဆွဲဆောင်ခဲ့သည်။ အဆိုပါပြပွဲ၌ တရုတ်ကုမ္ပဏီပေါင်း ရာနှင့်ချီ ပါဝင်ပြသခဲ့ရာ TCL၊ Lenovoနှင့် Hisense စသည့် နာမည်ကျော်တံဆိပ်များနှင့်အတူ အမှတ်တံဆိပ်သစ်များလည်း ပါဝင်ကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)
Chinese clean energy companies in limelight at CES 2023
Chinese clean energy companies took the spotlight at the 2023 Consumer Electronics Show (CES) held in Las Vegas with their innovative products and green energy solutions.
Clean energy and energy storage solutions have been a focus at the show, which concluded on Sunday.
Jackery is a pioneer in the portable power industry with its manufacturing factories in Shenzhen of Guangdong Province.
At the show, it unveiled innovative portable solar generators.
SOUNDBITE (Chinese): JACK SUN, Founder & Chairman of Jackery
“During the pandemic, our portable solar generator is gaining popularity as many people have gone out for outdoor activities such as RV tours, camping, or fishing. The product has provided them with a green power solution.”
CES 2023 has drawn more than 3,700 exhibitors from over 170 countries and regions. Hundreds of Chinese companies were participating in the show, including well-known brands like TCL, Lenovo, and Hisense as well as startups.
Xinhua News Agency correspondents reporting from Las Vegas, U.S. (XHTV)