Connect with us

Media

အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၃၂၅ သန်း တန်ဖိုးရှိ နောက်ထပ် လက်နက် ကူညီထောက်ပံ့မှုအား ကြေညာ

ဝါရှင်တန်ဒီစီ ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၃၂၅ သန်းတန်ဖိုးရှိ လက်နက်များ ထပ်ဆောင်းပေးအပ်မည့် အစီအစဉ်အား ဧပြီ ၁၉ ရက်တွင် ကြေညာခဲ့ကြောင်း သိရသည်။

လုံခြုံရေးအကူအညီအသစ်တွင် အမေရိကန်နိုင်ငံက ပံ့ပိုးပေးထားသည့် HIMARS အတွက် နောက်ထပ် ခဲယမ်းမီးကျောက် ၊ အမြောက်ကျည်များ ၊ တင့်ကားတိုက်ဖျက်ရေးစနစ်များ ၊ လက်နက်ငယ်ကျည်ဆန် အရေအတွက် ၉ သန်းကျော် နှင့် ထောက်ပံ့ပို့ဆောင်ရေးအထောက်အကူပြုယာဉ်လေးစီး အပါအဝင် အခြားပစ္စည်းများ ပါရှိကြောင်း ကာကွယ်ရေးဌာန(DoD)မှ စာရင်းအရ သိရသည်။

လက်နက်များ ထုတ်ယူခွင့်အတွက် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်ထံမှ လုပ်ပိုင်ခွင့်ရရှိထားသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ယင်းကူညီထောက်ပံ့မှုသည် စစ်မြေပြင်တွင် ယူကရိန်းနိုင်ငံ၏ ခုခံကာကွယ်သူများ အားကောင်းစေရေးအတွက် မရှိမဖြစ် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………….
(English Version)
U.S. announces additional arms aid for Ukraine worth 325 mln USD
The United States on Wednesday announced an additional package of weapons for Ukraine worth 325 million U.S. dollars.
According to a list from the Department of Defense (DoD), the new tranche of security assistance included additional ammunition for the U.S.-provided HIMARS, artillery rounds, anti-armor systems, over 9 million rounds of small arms ammunition, and four logistics support vehicles, among other items.
U.S. Secretary of State Antony Blinken, who received a delegation of authority from President Joe Biden to authorize the presidential drawdown of the weapons, said in a statement the assistance is “essential to strengthening Ukraine’s defenders on the battlefield.”
Xinhua News Agency correspondents reporting from Washington D.C. (XHTV)