Connect with us

China

တရုတ်နိုင်ငံ အရှေ့ပိုင်းတွင် အာကာသညီလာခံကျင်းပမည်

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ်၊ နန်ကျင်းမြို့၌ ၂၀၂၁ တရုတ် အာကာသညီလာခံအတွင်း အာကာသ သိပ္ပံနှင့် တိုးတက်အောင်မြင်မှုကို လာရောက်ကြည့်ကြသူများအား ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့ပိုင်း အန်းဟွေးပြည်နယ်၏ မြို့တော် ဟဲဖေးမြို့တွင် တရုတ်အာကာသညီလာခံ ကို ဧပြီ ၂၃ ရက် မှ ၂၆ ရက် အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ဧပြီ ၁၉ ရက်တွင် ကြော်ငြာခဲ့သည်။

၂၀၂၃ ခုနှစ် ညီလာခံက နက်ရှိုင်းသော အာကသစူးစမ်းလေ့လာရေး၊ လူလိုက်ပါနိုင်သော အာကာသခရီးစဉ်၊ ဂြိုလ်တုအင်တာနက်၊ ကွမ်တန်ဆက်သွယ်ရေး၊ အာကာသာယာဉ်အီလက်ထရွန်းနစ်၊ စီးပွားဖြစ်အာကသယာဉ်ပျံသန်းခြင်းနှင့် အခြားနယ်ပယ်များဆိုင်ရာ အကြံဉာဏ်များ ဖလှယ်ရန်ကမ္ဘာအနှံ့အပြားမှ ကျွမ်းကျင်သူများ၊ ပညာရှင်များ အတူတကွစုဝေးကာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

Chinese Society of Astronautics နှင့် China Space Foundation တို့ ပူးပေါင်းကျင်းပသော အဆိုပါ ညီလာခံသည် လာမည့် ဧပြီ ၂၄ ရက်တွင် ကျရောက်မည့် တရုတ်အာကာသနေ့အတွက် အရေးကြီးသော လှုပ်ရှားမှုများအနက်လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်းသိရသည်။

ယင်းညီလာလာခံတွင် အာကာသနယ်ပယ်တွင် အရေးကြီးသော သိပ္ပံနှင့် အင်ဂျင်နီယာဆိုင်ရာ ပြဿနာများ၏ အစီရင်ခံစာတစ်စောင်ကို ၂၀၂၃ ခုနှစ်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း စီစဉ်သူများထံမှ သိရသည်။

၂၀၁၈ ခုနှစ်တွင် စတင်ခဲ့သောနှစ်ပတ်လည်ညီလာခံက နိုင်ငံတကာပညာရှင်များ ဖလှယ်ခြင်း၊ အာကာသစက်မှုလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် သိပ္ပံပညာတွင်ကျယ်လာရေးအတွက် စင်္ကြံတစ်ခုတည်ဆောက်ရန် ကတိကဝတ်ပြုထားကြောင်း သိရသည်။ (Xinhua)

…………………………………….
(English Version)
Space conference to be held in east China
BEIJING, April 20 (Xinhua) — The China Space Conference will be held from April 23 to 26 in Hefei, the capital city of east China’s Anhui Province, its organizers announced on Wednesday.
This year’s conference will bring together experts and scholars from around the world to exchange ideas on deep space exploration, manned space travel, satellite internet, quantum communication, aerospace electronics, commercial spaceflight and other fields, promoting more international cooperation.
Jointly hosted by the Chinese Society of Astronautics and the China Space Foundation, the conference is one of the major activities of the upcoming Space Day of China, which will be observed on April 24.
At the conference, a report on crucial scientific and engineering problems in the field of space in 2023 will be released, according to the organizers.
Initiated in 2018, the annual conference is committed to building a platform for international academic exchanges, space industrialization cooperation, and science popularization. ■
People visit an exhibition featuring space science and achievement during the 2021 China Space Conference in Nanjing, east China’s Jiangsu Province, April 24, 2021. (Xinhua/Ji Chunpeng)